photo credit - TNC Predator Facebook page

Sea region ရဲ့ ကြယ်ပွင့် mid player တစ်ဦးဖြစ်တဲ့ Armel ရဲ့နာမည်အရင်းကတော့ Armel Paul Tabios ပဲဖြစ်ပါတယ်။

Armel ကိုမွေးဖွားခဲ့တာကတော့ 2000 ခုနှစ် 1 လပိုင်း 20 ရက်နေ့ဖြစ်တာကြောင့် Armel ဟာ အခုမှ အသက် 19 နှစ်အရွယ်သာရှိသေးတာပဲဖြစ်ပါတယ်။

Dota 2 pro scene ပေါ်ကိုစတင်ရောက်ရှိလာချိန်ကတော့ အသက် 16 နှစ်အရွယ် 2016 ခုနှစ်လောက်ထဲက ပဲဖြစ်ပါတယ်။

ပထမဆုံးစတင်ကစားခဲ့တဲ့အသင်းကတော့ Acion Arena ဖြစ်ပြီး Armel ဟာ ၎င်းအသင်းမှာ 2016 ခုနှစ် 3 လပိုင်း 18 ရက်နေ့ကနေ 2016 ခုနှစ် 12 လပိုင်း အကုန်ထိကစားခဲ့ပါတယ်။

2017 ခုနှစ်စစချင်းမှာတော့ Armel ဟာ Clutch Gamers အသင်းကိုပြောင်းရွှေ့ခဲ့ပြီး ၎င်းအသင်းမှာ 2018 ခုနှစ် 1 လပိုင်း 15 ရက်နေ့အထိကစားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Armel ဟာ Team Admiral ကိုပြောင်းရွှေ့ခဲ့သလို ၎င်းအသင်းကို ပြောင်းရွှေ့ပြီးရက်ပိုင်းအကြာ 2018 ခုနှစ် 1 လပိုင်း 30 ရက်နေ့မှာ TNC Predator အသင်းကိုပြောင်းရွှေ့လာခဲ့ပြီး ယနေ့အချိန်ထိ TNC Predator အသင်းမှာကစားနေဆဲပဲဖြစ်ပါတယ်။

Armel ဟာ အသက် 19 နှစ်သာရှိသေးတယ်ဆိုပေမယ့်လည်း ကမ္ဘာ့အကောင်းဆုံး mid players တွေလို့ သတ်မှတ်ထားခံရသူတွေနဲ့တောင် mid မှာ ယှဉ်ထိန်းနိုင်သူတစ်ဦးဖြစ်ပြီး teamwork ပိုင်းတွေမှာသာမ တစ်ဦးလည်းလုပ်ပြတဲ့ solo skill ကောင်းတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ mid player တစ်ယောက်ပဲဖြစ်ပါတယ်။

ဒါပေမယ့် public match တွေမှာ Insane နဲ့တွေ့ရင် mid မှာ အမြဲနိမ့်နေတာလေးကတော့ ခြွင်းချက်ပေါ့နော်။

source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။