ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှား ထင်ပေါ်ကျော်ကြားတံတားတွေထဲကမှ တစ်ခုဖြစ်တဲ့ "Chapel Bridge" ဝတ်ပြုဆောင် တံတား ကြီးအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ တံတားများမှာ လူထုအပေါ် သြဇာသက်ရောက်မှုနှင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ ထူးခြားချက်များကြောင့် မြို့တော်များရဲ့ သင်္ကေတတွေ ဖြစ်လာကြပါတယ်။ ကမ္ဘာပေါ်တွင် အထင်ရှားဆုံးသော တံတားကြီး ၁၅ စီးကို သွားရောက်လေ့လာနိုင်ကြမှာဖြစ်ပြီး အဲ့ထဲကမှ ဝတ်ပြုဆောင် တံတားကြီးကို ပုံရိပ်တွေနဲ့တကွ မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

photo credit pngtree

ဆွစ်ဇာလန်နိုင်ငံမှ ဝတ်ပြုဆောင် တံတားဟာ ၂၀၄ မီတာ(ပေ ၆၇၀) ရှည်လျားပြီး လူစန်းမြို့မှ ရီးနျူးမြစ်ကို ဖြတ်သန်း တည်ဆောက်ထားတာပါ။ ထိုတံတားဟာ ဥရောပတိုက်တွင် သက်တမ်းအရှည်ဆုံး သစ်သားတံတား တစ်စင်းဖြစ်ကာ ဆွစ်ဇာလန်နိုင်ငံရဲ့ အဓိက ခရီးသွားလုပ်ငန်း ဆွဲဆောင်မှု နေရာတစ်ခု ဖြစ်ပါတယ်။ အမိုးမိုးထားတဲ့ ထိုသစ်သားတံတားကို အေဒီ ၁၃၃၃ ခုနှစ်တွင် လူစန်းမြို့အား ရန်သူများ တိုက်ခိုက်လာခြင်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်ဆောက်လုပ်ခဲ့တာပါ။

photo credit pngtree

တံတား၏ အတွင်းပိုင်းမှာတော့ လူစန်းမြို့ရဲ့ သမိုင်းဖြစ်စဉ်များကို ဖော်ညွှန်းတဲ့ ပန်းချီကားတွဲများ ရေးဆွဲ ထားခဲ့တာ ဖြစ်ပါတယ်။ ထိုပန်းချီကား အများစုဟာ ၁၉၉၃ က လောင်ကျွမ်းခဲ့ပြီး မီးဘေးတွင်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ သို့သော် တံတား ကို အမြန်ဆုံး ပြန်လည် တည်ဆောက် နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ သစ်သားတံတားကြီးဖြစ်တဲ့အပြင် ဗိသုကာအနုလက်ရာမြောက်လှတာကြောင့် ကမ္ဘာလှည့်ခရီးသွား အများဆုံးလာရောက်ကြတဲ့ နေရာလည်းဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။