ပဏာမ မြန်မာ့လက်ရွေးစင် အသင်းဟာ အသင်းလိုက်စုစည်းမှုကောင်း ရရှိစေရေး အတွက် မတ်လ ၁၂ ရက်နေ့မှ ယနေ့ မတ်လ ၁၇ ရက်နေ့အထိ ရက်တို ပူးပေါင်းလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ် ။ ပဏာမ မြန်မာ့ လက်ရွေးစင် အသင်းအနေဖြင့် လေ့ကျင့်မှုကာလတွင် နိုင်ငံတကာ ခြေစမ်းပွဲ မကစားနိုင်သည့်အတွက် MNL Foreigners ကစားသမားများနှင့် သုဝဏ္ဏကွင်းတွင် ကွင်းပိတ်ခြေစမ်းခဲ့ပါတယ်။
ခြေစမ်းရာတွင် ပဏာမ လက်ရွေးစင်က MNL Foreigners အသင်းကို (၄ : ၃)ဂိုးဖြင့် အနိုင်ရခဲ့ပါတယ် ။ပဏာ လက်ရွေးစင်အတွက် ရန်နိုင်ဦး၊ မောင်မောင်ဝင်း၊ မျိုးကိုထွန်း၊ ပြည်မိုး တို့က သွင်းယူခဲ့ပြီး နိုင်ငံခြားသား ကစားသမားများအတွက် အီမီကာ၊ မူကီး၊ အီမန်နူရယ် တို့က သွင်းယူပေးခဲ့ပါတယ်။
မြန်မာလက်ရွေးစင်အမျိုးသားအသင်းကိုတော့ နည်ပြချုပ် အန်တွမ်နီဟေးက ဦးဆောင်ကိုင်တွယ်နေတာပဲ ဖြစ်ပြီး မြန်မာအမျိုးသားအသင်းရဲ့ အနေအထားကို ပရိသတ်တွေက စိတ်ဝင်တစားစောင့်ကြည့်နေပါတယ်။ မြန်မာလက်ရွေးစင်အသင်းနည်းတူ မြန်မာ ယူ - ၂၁ အသင်းဟာလည်း မတ်လ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ လေ့ကျင့်လျက်ရှိနေပါတယ်။
source: MFF 's facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။