MPT Myanmar National League (U-21) 2020 ပွဲစဉ် (၁၀) အပြီးမှာ ဧရာဝတီယူနိုက်တက်အသင်းက ရှုံးပွဲမရှိစံချိန်နဲ့ ရမှတ် ၂၅ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးကို ဆက်လက်ပိုင်စိုးထားပါတယ်။ ထို့အတူ ယခုတစ်ပတ်ပွဲစဉ်တွေအပြီး ရတနာပုံအသင်းက ရမှတ် ၂၃ မှတ်ဖြင့် အမှတ်ပေးဇယား ဒုတိယနေရာကို တစ်ဖန်တက်ရောက်လာနိုင်ခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ ရှုံးပွဲတွေ ကြုံတွေ့ထားတဲ့ မြဝတီအက်ဖ်စီအသင်းက ရမှတ် ၂၁ မှတ်ဖြင့် အဆင့် (၅) နေရာအထိ ဆင်းပေးခဲ့ရတာ တွေ့ရပါတယ်။

Photo Credit - Myanmar National League Facebook Page

ISPE အသင်းကတော့ အမှတ်ပေးဇယားရဲ့ အဆင့် (၃) နေရာရောက်ရှိခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းကလည်း ရမှတ် ၂၁ မှတ်ဖြင့် အဆင့် ၄ နေရာမှာရပ်တည်နေခဲ့ပါတယ်။ ခြေစွမ်းတွေ ကျဆင်းနေတဲ့ ရန်ကုန်ယူနိုက်တက်အသင်းကတော့ ရမှတ် ၁၈ မှတ်ဖြင့် အဆင်၇ နေရာမှာရပ်တည်ခဲ့ပါတယ်။ မောရဝတီအသင်းကတော့ ရမှတ် ၁ မှတ်သာရရှိသေးတာကြောင့် အမှတ်ပေးဇယားရဲ့ အောက်ဆုံးကို ရောက်ရှိနေခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook Page

ယခုတစ်ပတ် ပွဲစဉ် (၁၀) ရဲ့ ပွဲစဉ်တွေကို မူလရေးဆွဲထားတဲ့အတိုင်း ယှဉ်ပြိုင်ကစားခဲ့ပေမယ့် ယူနီဗာစတီအသင်းနဲ့ မကွေးအက်ဖ်စီအသင်းတို့ ပွဲစဉ်ကိုမူ တက္ကသိုလ်ကျောင်းသားတွေရဲ့ စာမေးပွဲကာလနှင့် တိုက်ဆိုင်နေတာကြောင့် ဧပြီလ ၈ ရက်နေ့မှ ပြောင်းရွှေ့ယှဉ်ပြိုင်ကစားမှာပါ။ ကဲ..ချစ်ပရိသတ်ကြီးရေ ပွဲစဉ်(၁၀)ရဲ့ အမှတ်ပေးဇယားရပ်တည်မှု နှင့် ပွဲရလဒ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit - Myanmar National League Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။