MPT မြန်မာနေရှင်နယ်လိဂ် (ယူ-၂၁) လူငယ်အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်-၁၀ ကိုတော့ရောက်ရှိလို့လာပြီလည်းဖြစ်ပါတယ်။ ပွဲစဉ်တွေကတော့ ပြိုင်ဆိုင်မှုပြင်းပြင်းထန်ထန် ဖြင့် ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းမျိုးတွေနဲ့ ယှဉ်ပြိုင်သွားခဲ့ကြပါတယ်။ ယခုမှာတော့ ပရိသတ်တွေအတွက် ပွဲကောင်းတစ်ပွဲဖြစ်လာခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ ညနေ ၄နာရီ တွင် မြဝတီ (ယူ-၂၁) အသင်းနှင့် ရန်ကုန်ယူနိုက်တက် (ယူ-၂၁) အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

Photo Credit - Yangon United Football Club Facebook Page
Photo Credit - Yangon United Football Club Facebook Page

ယင်းပွဲစဉ်မှာလည်း ရန်ကုန် လူငယ်အသင်းက မြဝတီ လူငယ်အသင်းကို (၂-၀ ) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ရန်ကုန်ယူနိုက်တက် (ယူ-၂၁) အသင်းတွင် ခန့်ကျော်ဦး (ဂိုး)၊ ရန်ပိုင်ဖြိုး၊ ငြိမ်းချမ်းအောင်၊ ရဲဌေး၊ စောကျော်အဲ၊ လွှမ်းမိုးဦး၊ ဇင်ကိုထက်၊ တေဇောလင်း၊ ချစ်မင်းပိုင်၊ အောင်အောင်ဦး နှင့် နိုင်မင်းသူ တို့ပွဲထွက်ပါဝင်ခဲ့ကြပါတယ်။ ရန်ကုန် အသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၄၉ မိနစ်မှာ ရဲဌေး နှင့် ၈၇ မိနစ် များတွင် မင်းဟိန်းထက် တို့က သွင်းယူပေးခဲ့ပါတယ်။

Photo Credit - Yangon United Football Club Facebook Page
Photo Credit - Yangon United Football Club Facebook Page

မြဝတီအသင်းကတော့ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေကိုပိုင်ဆိုင်ထားနိုင်ခဲ့ပြီး ယခုပွဲစဉ် (၁၀) မှာတော့ အနိုင်ရလဒ်ကောင်းကို ရရှိအောင် ကြိုးစားခဲ့ပေမယ့် ရန်ကုန်ယူနိုက်တက်အသင်းကို ရှုံးနိမ့်ခဲ့ရပါတယ်။ရန်ကုန်ယူနိုက်တက် (ယူ-၂၁) အသင်းသည် ပွဲစဉ်(၁၀) ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၅ပွဲ နိုင်၊ ၃ပွဲ သရေ၊ ၂ပွဲ ရှုံး ရမှတ် ၁၈ မှတ် ဖြင့် အဆင့်(၇)နေရာတွင် ရောက်ရှိနေပြီး လာမည့် မတ်လ (၂၂) ရက်နေ့တွင် ရှမ်းယူနိုက်တက် (ယူ-၂၁) အသင်းနှင့် ရန်ကုန်ယူနိုက်တက်အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပါတယ်။

Source & Photo Credit - Yangon United Football Club Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။