ပရိသတ်တွေစောင့်မျှော်နေကြတဲ့ MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၁၀)ကတာ့ ရောက်ရှိလို့လာခဲ့ပြီလည်းဖြစ်ပါတယ်။ ပရိသတ်တွေအတွက် နောက်ထပ် ပွဲစဉ်ကောင်းတစ်ပွဲဖြစ်လာမယ့် ပွဲစဉ်(၁၀) တစ်ပွဲအဖြစ် ရခိုင်ယူနိုက်တက်အသင်း သည် လာမည့် မတ် ၂၅ ရက်တွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် ကစားရမည်ဖြစ်ပြီး အဆိုပါပွဲတွင် အသင်းနောက်ခံလူ သက်ထွန်းအောင်အနေဖြင့် ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်မည်ဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook Page

နောက်ခံလူ သက်ထွန်းအောင်သည် ရခိုင်ယူနိုက်တက်အသင်းအတွက် အားထားရသည့် လူငယ် ကစားသမားတစ်ဦးဖြစ်ပြီး ရခိုင်ယူနိုက်တက် အသင်း ကစားပြီးခဲ့သည့် ပွဲစဉ် ကိုးပွဲစလုံးတွင် ပွဲထွက် ကစားခွင့်ရရှိ ထားသည့် အဓိက ကစားသမားတစ်ဦး လည်းဖြစ်ပါတယ်။ ပွဲစဉ်တွေမှာလည်း အကောင်းဆုံးခြေစွမ်းတွေ ပြသနိုင်ပြီး အသင်းအတွက် ရလဒ်ကောင်းတွေကိုဖန်တီးပေးခဲ့တဲ့ ကစားသမားဆိုရင်လည်းမမှားပါဘူး။သက်ထွန်းအောင် အနေဖြင့် အဝါကတ် သုံးကတ်ပြည့်ခဲ့သည့်အတွက် ဧရာဝတီယူနိုက်တက်အသင်းနှင့်ပွဲအား လွဲချော်ရခြင်းဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook Page

ဧရာဝတီယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့သည် လာမည့် မတ် ၂၅ ရက် ညနေ လေးနာရီ၊ YUSC ကွင်းတွင် ကစားမည်ဖြစ်ပါတယ်။ လက်ရှိအချိန်တွင် ဧရာဝတီယူနိုက်တက်အသင်းသည် ရမှတ် ၂၃ မှတ်ဖြင့် အဆင့် ၂ နေရာတွင် ရပ်တည်နေပြီး ရခိုင်ယူနိုက်တက် အသင်းသည် ရမှတ် ၁၅ မှတ်ဖြင့် အဆင့် ၅ နေရာတွင် ရပ်တည်နေခဲ့ပါတယ်။ ပရိသတ်ကြီးရေ ယခုတစ်ခါမှာတော့ ဧရာဝတီယူနိုက်တက်အသင်းနှင့်ပွဲတွင် ရခိုင်ယူနိုက်တက်အသင်း နောက်ခံလူ သက်ထွန်းအောင် ပါဝင်နိုင်မည်မဟုတ်ကြောင့် ကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Source & Photo Credit - Myanmar National League Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။