ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ဂရိကျွန်းမကြီးရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၂၀၀ အကွာ၊ အေဂျီယမ် ပင်လယ် တောင်ပိုင်းတွင် တည်ရှိတဲ့ ဆန်ဒိုရီနီကျွန်းနဲ့ ပတ်သက်ပြီး တင်ဆက်ပေးသွားမှာပါ။ ကယ်လ်ဒီယာ မီးတောင်ပေါက်ကွဲရာမှ ကြွင်းကျန်ခဲ့တဲ့ စက်ဝိုင်းပုံ ကျွန်းစုငယ်များအနက် အကြီးဆုံးဖြစ်ပါတယ်။ ဆိုင်းကလိုက်ဒ်ကျွန်းစုရဲ့ တောင်ဘက်စွန်းတွင် တည်ရှိနေတဲ့ ဆန်ဒိုရီနီဟာ ၇၃ စတုရန်းကီလိုမီတာ (၂၈ စတုရန်းမိုင်) ကျယ်ဝန်းပြီး ၂၁၀၀ ခုနှစ် သန်းခေါင်စာရင်းအရ ကျွန်းပေါ်တွင် လူဦးရေ ၁၅၅၅၀ ဦး နေထိုင်လျက်ရှိပါတယ်။

photo credit pngtree

ဆန်ဒိုရီနီ ကျွန်းအုပ်စုကို လူနေထိုင်တဲ့ ဆန်ဒိုရီနီနှင့် သာရာစီယာကျွန်းများအပြင် လူနေထိုင်ခြင်းမရှိတဲ့ နီရာ ကာမီနီ၊ ပလာ ရီယာ ကာမီနီနှင့် အက်စ်ပရွန်နီစီ ကျွန်းများဖြင့် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ကျွန်းအုပ်စု နယ်နိမိတ်အားလုံးဟာ စတုရန်း ကီလိုမီတာ ၉၀ ကျော် (၃၅ စတုရန်းမိုင်) ကျယ်ဝန်းလျက် သီရာဒေသ (Thira region) အဖြစ် သတ်မှတ်ထားပါတယ်။ ဆန်ဒိုရီနီဟာ မူလက ကျွန်းကြီးတစ်ခုဖြစ်ခဲ့သော်လည်း ကြီးမားသော မီးတောင်ပေါက်ကွဲမှု ဖြစ်ပြီးနောက် ကျွန်းပေါ်တွင် အစောပိုင်းကာလ အခြေချနေထိုင်ခဲ့မှုများ ပျက်စီးခဲ့ကာ လက်ရှိ ဘူမိဖြစ်စဉ်များ ပေါ်ပေါက်လာခဲ့ပါတယ်။

photo credit pngtree

အလျား ၁၂ ကီလိုမီတာ၊ အနံ ၇ ကီလို မီတာရှိတဲ့ ကြီးမားသော ထောင့်မှန်စတုဂံပုံ ရေအိုင်ကြီးကို ဗဟိုပြုလျက် မီတာ ၃၀၀ မြင့်ပြီး မတ်စောက်သော တောင်ကမ်းပါးများက ဝန်းရံနေတဲ့ အနေအထားသို့ ဖြစ်လာခဲ့ပါတယ်။ ရေအိုင်ကြီးနှင့် ပင်လယ်အကြားတွင် သီရာရှာ ကျွန်းငယ်ရှိပြီး အနောက်မြောက်ဘက်နှင့် အနောက်တောင်ဘက်များတွင် ပင်လယ်နှင့် ဆက်နေပါတယ်။ ရေအနက် မီတာ ၄၀၀ သာရှိသဖြင့် ပင်လယ်အော်အတွင်း သင်္ဘောကြီးများ ဆိုက်ကပ်နိုင်ခြင်းမရှိဘဲ ငါးဖမ်းသင်္ဘောများ ဆိုက်ကပ်တဲ့ ဆိပ်ကမ်းတစ်ခုသာ အနောက်ဘောင်ဘက် ကမ်းခြေမှာ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။