ပရိသတ်ကြီးရေ ကိုရီးယား မင်းသမီးလေးလား အထင်မှားရလောက်တဲ့ ဟန်နာယူရီကတော့ ဖြူဖွေးလှပတဲ့ အသားအရည်လေးနဲ့ ဆွဲဆောင်မှုရှိတဲ့ စကားပြောဟန်ပန်လေးတွေကြောင့် ပုရိသယောကျ်ားလေးပရိသတ်တွေရဲ့ အားပေးမှုများသာမကပဲ မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်ခြင်းကိုပါ အပြည့်အဝရရှိထားသူပဲဖြစ်ပါတယ်။ သူမက Makeup artists တစ်ယောက်ဖြစ်ပြီး အနုပညာပိုင်းမှာလည်း ပရိသတ်အခိုင်အမာရရှိထားသူလေးပဲဖြစ်ပါတယ်။

Photo credit - Hanna Yu Ri 's FB account
Photo credit - Hanna Yu Ri 's FB account

သူမက အလုပ်ကိစ္စနဲ့ ပြည်တွင်းပြည်ပ ခရီးစဉ်တွေ ဆက်တိုက်ထွက်ဖြစ်နေတာဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေနဲ့ နေ့စဉ်လှုပ်ရှားမှုပုံရိပ်တွေကိုလည်း ဆိုရှယ်မီဒီယာကနေ အမြဲမျှဝေပေးလျက်ရှိနေတာကြောင့် ပရိသတ်တွေနဲ့အမြဲအဆက်အသွယ်ရှိနေတာလည်းဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း သူမက ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဟန်နာယူရီက "My Mood Swings next 1min"ဆိုတဲ့ စာသားလေးကိုလည်း တင်ပေးထားတာပဲဖြစ်ပါတယ်။

Photo credit - Hanna Yu Ri 's FB account

မြန်မာဝတ်စုံလေးတွေနဲ့လည်း လိုက်ဖက်လှပသလို ခေတ်ဆန်တဲ့ အဝတ်အစားလေးတွေနဲ့လည်း ကြည့်ကောင်းပြီး လှပနေတာပဲဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ ပိုစ့်လေးတွေနဲ့ ဓါတ်ဖမ်းထားတဲ့ ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်..။ ဟန်နာယူရီရဲ့ ပုံလေးတွေကို ကြည့်ပြီးအသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်. ။ သူမဆက်လက်လှုပ်ရှားမယ့်အနုပညာလှုပ်ရှားမှုတွေသာမကပဲ ထူးခြားတဲ့ Makeup tutorial lookလေးတွေကိုလည်း ပရိသတ်ကြီးက အားပေးကြမယ်မလား...။ 

Photo credit - Hanna Yu Ri 's FB account

Source & Photo credit - Hanna Yu Ri 's FB account  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။