ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှားရှိ ဘိုမရုပ်လေးတွေနဲ့ တူကြတဲ့ နာမည်ကျော် ဆယ်လီ(၃)ဦး အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် သိရှိခံစားရအောင် ပုံရိပ်တွေနဲ့တကွ တင်ဆက်ပြသပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ သတင်းလေး မဖော်ပြသေးခင်မှာ လတ်တလော အနုပညာရှင်လှုပ်ရှားမှု သတင်း၊ ပြည်တွင်း ပြည်ပ အားကစားသတင်း (E sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို အချိန်နဲ့တပြေးညီတင်ဆက် ပေးနေတဲ့ ကျွနု်ပ်တို့ Myanmarload page ကို like and follow လုပ်ထားပေးဖို့ မမေ့ပါနဲ့ဦးနော်။
ပထမဦးဆုံး မြင်တွေ့ရမယ့် သူလေးကတော့ "Dakota Rose" လို့အမည်ရပြီး အမေရိကန်သူလေးပဲ ဖြစ်ပါတယ်။ အသက် ၂၄ ရှိပြီး သူမရဲ့ professional အလုပ်တွေကတော့ မော်ဒယ်လ်၊ ဖက်ရှင် blogger အစရှိတာတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် You Tube social media online ပေါ်မှာ "make-up tutorials" ဗီဒီယိုတွေတင်ပြီး အင်တာနက်ကနေ ဝင်ငွေအများအပြားရရှိတာ ဖြစ်ပါတယ်။ ဂျပန်နှင့် တရုတ်နိုင်ငံတို့ရဲ့ online ပေါ်မှာ နာမည်တော်တော်ကြီးပြီး "real-life Barbie doll" ဆိုတဲ့ နာမည်လေးကို ရရှိခဲ့တာပါနော်။
နောက်ထပ်မြင်တွေ့ရမယ့် သူလေးကတော့ "Venus Palermo" အမည်ရပြီး သူမကလည်း You Tubeပေါ်မှာ နာမည် စတင်ကြီးခဲ့တာ ဖြစ်ပါတယ်။ သူမကို လူသိများလာခဲ့တဲ့ You Tube ဗီဒီယိုတွေကတော့ "living doll" နှင့် "How to look like a doll" စတာတွေပဲ ဖြစ်ပါတယ်။ သူမရဲ့ အသက်ကတော့ ၂၃ နှစ်ဖြစ်ပြီး ငယ်စဉ်တည်းက အရုပ်တွေနဲ့ အနေများသူ တစ်ဦးလည်း ဖြစ်ပါတယ်။ နောက်ချစ်ဖို့အကောင်းဆုံး Barbie girl လေးကတော့ "lily cole" လို့အမည်ရပြီး သူမဟာ aမာ်ဒယ်တစ်ဦးဖြစ်သလို မင်းသမီးလည်း ဖြစ်ပါတယ်။ သူမဟာ ဘိုမရုပ်လေးတွေနဲ့ မျက်နှာစင်တူတာကြောင့် နာမည်ကြီးလာတယ်လို့ ပြောရင် မမှားပါဘူးနော်။
source Once A Glance Page
photo credit Once A Glance Page
သတင်း ဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။