ML ဆော့တဲ့အခါမှာ Hero Pick တွေဟာ ပုံမှန်နည်းအတိုင်း သွားနေကြတာကို တော်တော်များများတွေ့ရှိရပါတယ်။ ကိုယ်ကြိုက်တာကိုကိုယ်ကိုင်ကြပြီး အသင်းအတွက် လိုတာတွေ မဖြည့်ပေးတာကိုလဲ တွေ့ရှိရပါတယ်။ ကစားနေတဲ့အခါမှာလဲ လမ်းတွေကို သွားချင်ရာ သွားနေကြပြီး တောထဲကနေ မထွက်ပဲ နေကြတဲ့ သူတွေလဲရှိပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ အဲ့လို ပြဿနာတွေ ရှင်းနည်းကို နောက်မှာပြောပြပြီး ခုချိန်မှာတော့ အသင်းတစ်သင်းမှာ ဘယ်လို Hero တွေပါသင့်လဲဆိုတာကို ပြောပြသွားပါမယ်။   

Team Work ဆိုတာကိုလဲ ဆော့တဲ့အခါ မမေ့ပါစေနဲ့။ အသင်းမှာ Damage များများပေးနိုင်တဲ့ နှစ်ကောင်ကတော့ ရှိရပါမယ်။ Tank ကလဲ အဲ့နှစ်ကောင်လုံးကို ကာစရာမလိုပါဘူး။ Farm ရတဲ့ Hero တွေကို နှစ်ကောင်ထက်ပိုမယူသင့်ပါဘူး။ အသင်းမှာ Tank နှစ်ကောင်ပါရင် Damage များများပေးနိုင်တဲ့ Hero ကို Pick ပါ။ အသင်းတစ်သင်းအတွက် တကယ်တော့ အလိုအပ်ဆုံးက Team Work ပါ။ Team Work ကောင်းရင် Comeback ဆိုတာ ရှိပါတယ်။ 

Passive ကတော့ သူခုတ်သည်ဖြစ်စေ သူအခုတ်ခံရသည်ဖြစ်စေ အနီတန်းဟာ တက်နေမှာဖြစ်ပြီး ပြည့်သွားတဲ့ချိန်ကျရင်တော့ အပိုခံနိုင်ရည်စွမ်းတွေ ပြည့်ကာ Damage လဲ ပိုရပါတယ်။ အနီကုန်သွားတဲ့ချိန်ကျရင်တော့ သူဟာ အနီတန်းပြည့်ဖြည့်ဖို့ ခဏစောင့်ရပါမယ်။ Battle ဆိုင်ရင်တော့ သူရဲ့ Ulti နဲ့အားတွေစုလိုက်ပြီး Skill 1နဲ့ရန်သူထဲသွားကာ အနီတန်းပြည့်အောင်လုပ်ပါ၊ အဲ့ချိန်မှာ Ulti အကြမ်းစားသုံးလိုက်ပါ။ ပြီးရင် Skill 2လေးသုံးပြီး သွေးဖြည့်ပေးလိုက်ပါ အသင်းကို။  

သတင်းအရင်းမြစ် DevilKnight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။