အခုချိန်မှာ စာဖတ်ပရိသတ်ကြီးအနေနဲ့ စိတ်ဓာတ်ကျတာပဲ ဖြစ်ဖြစ်၊ စိတ်မပျော်ရွှင် မလန်းဆန်းတာပဲ ဖြစ်ဖြစ် တစ်ခုခု ဖြစ်နေတယ်ဆိုရင် အဆိုပါ တိရိစ္ဆာန်လေးတွေရဲ့ ရင်သပ်ရှုမောဖွယ် ပုံရိပ်လေးတွေကို တစ်ဝကြီး ကြည့်ရှုခံစားလိုက်ပါနော်။ ဘဝကို အရှုံးပေးချင်တဲ့ စိတ်တွေပါ ကုန်ဆုံးသွားစေပြီး၊ သင့်ရဲ့ တစ်နေ့တာကို အားအင်အပြည့်နဲ့ ပြန်လည် ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ သြစတြေးလျ ဓာတ်ပုံဆရာတစ်ဦးရဲ့ တောတွင်းမှာ ခက်ခက်ခဲခဲသွားရောက်ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေက သင့်ကို တစ်ကယ်အထောက်အကူ ဖြစ်စေမှာပါ။

photo credit Bright Side
photo credit Bright Side

ပထမဦးဆုံး မြင်တွေ့ရမယ့် ရှဉ့်လိုလို အကောင်းလေးကတော့ သစ်ကိုင်းခြေရင်းကနေ မလှမ်းမကမ်း ရေထဲမှာ ကျနေတဲ့ အခွံမာသီးကို ဇွဲမလျော့ဘဲ ရယူဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ အဲ့ပုံလေးက စာဖတ်ပရိသတ်ကြီးရဲ့ ရင်ထဲကို တစ်ခုခုကို ရောက်စေမှာ ဖြစ်ပါတယ်။ နောက်ထပ် ပုံရိပ်လေးကတော့ ယုန်ကလေး နှစ်ကောင်က "Sharing is caring" ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို အပြည့်အဝဖော်ဆောင်နေတာပါနော်။ ထိုပုံလေးကို ကြည့်ပြီး ကျွန်ုပ်တို့လည်း တစ်ဦးနဲ့ တစ်ဦး အရာရာကို မျှဝေခံစားကြရမှာ ဖြစ်ပါတယ်။

photo credit Bright Side
photo credit Bright Side

အပေါ်မှာ မြင်တွေ့ခဲ့တဲ့ ရှဉ့်လေးလို အကောင်လေးတွေက ပေါင်းဖွဲ့ပြီး ရယ်မောပျော်ရွှင်နေတာဟာ ကျွန်ုပ်တို့ လူမှုအဖွဲ့အစည်းမှာလည်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပျော်ရွှင်နေထိုင်ကြဖို့ အရေးကြီးတယ်ဆိုတာကို ရည်ညွှန်းနေသလိုပါပဲနော်။ အဲ့လိုမျိုး အကောင်လေးတွေကပဲ အချစ်သင်္ကေတကို ပုံဖော်နေတာတွေ၊ Kung fu တိုက်ကွက်တွေနဲ့ လေပေါ်မှာ ပျံလွှားနေတာတွေ၊ သစ်ကိုင်းပေါ်က ဘယ်ရီသီးကို ဘော်ဒါအတွက် ကြိုးစားပမ်းစား ခူးပေးနေတာတွေ၊ နေကြာပန်းလေးကိုကိုင်ထားတွေ၊ သီချင်းချင်းအတူတူဆိုနေကြတာတွေ...အစရှိတဲ့ ပုံရိပ်မျိုးစုံဟာ ပရိသတ်ကြီးရဲ့ ဘဝအမောတွေကို ပြေပျောက်စေပြီး ရင်ထဲတစ်ခုခု ကျန်နေစေခဲ့မယ်လို့ ယုံကြည်ပါတယ်နော်။

photo credit Bright Side

reference by Bright Side

photo credit Bright Side
photo credit Bright Side
photo credit Bright Side
photo credit Bright Side

မည်သည့်တစ်စုံတစ်ဦးကိုမျှ ထိခိုက်စေလိုခြင်းမရှိဘဲ အများအကျိုးစီးပွားရေးအတွက်တင်ဆက်ပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။