ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ မြင်သူတကာငေးရလောက်တဲ့ ကိုယ်ခန္ဓာလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ဆုအိမ့်စံကိုတော့ ပရိသတ်တွေသိကြမယ်ထင်ပါတယ်။ Music videoလေးတွေနဲ့ ကြော်ငြာတွေမှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့ သူမက အခုလက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ ပါဝင်ရိုက်ကူးနေရပြီပဲဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်တက်တာကြောင့် အချိန်တိုအတွင်း ပရိသတ်ရင်ထဲ နေရာတစ်နေရာယူထားနိုင်တဲ့ မင်းသမီးလည်းဖြစ်ပါတယ်...။

Photo credit - Hsu Eain San's FB account
Photo credit - Hsu Eain San's FB account

ဆုအိမ့်စံက အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေပြီး သူမ အားလပ်တဲ့ အချိန်လေးတွေမှာ ပြည်တွင်းခရီးစဉ်တွေဆက်တိုက်ထွက်ဖြစ်နေတာဖြစ်ပြီး နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးတွေကို ဆိုရှယ်မီဒီယာကနေ အမြဲလိုလို တင်ပေးနေတာဖြစ်တာကြောင့် ပရိသတ်တွေက အချစ်ပိုနေကြတာပဲဖြစ်ပါတယ်။ ဒါ့အပြင်သူမက ပိုစ့်အလန်းစားလေးတွေနဲ့ ဓါတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို မကြာခဏဆိုသလို ဖေ့ဘွတ်စာမျက်နှာမှာတင်ပေးလေ့ရှိနေတာဖြစ်ပြီး အခုလက်ရှိမှာလည်း လှပတဲ့ ပုံရိပ်တစ်ချို့ကို တင်ပေးလာတာပဲဖြစ်ပါတယ်။

Photo credit - Hsu Eain San's FB account

ဆုအိမ့်စံက မကြာသေးမီက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ "သူစိတ်ကောက်တဲ့အခါ ဆူပုတ်ပုတ်လေးပါ" ဆိုတဲ့ စာသားလေးကို ရေးသားထားတာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးအတွက် သူမရဲ့ ချစ်စရာကောင်းတဲ့ ဆူပုတ်ပုတ်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။ သူမရဲ့ ပုံလေးတွေကိုကြည့်ပြီး ချစ်ပရိသတ်ကြီးက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်..။ သူမဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်ကြီးက အားပေးကြမယ်မလား....။

Photo credit - Hsu Eain San's FB account
Photo credit - Hsu Eain San's FB account

Source & Photo credit - Hsu Eain San's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။