ပရိသတ်ကြီးရေ MPT Myanmar National League Youth (U-19) အမှတ်ပေးဘောလုံးပြိုင်တွေကို ကျင်းပလာတာဟာ ယခုဆိုရင်ပွဲစဉ် (၁၀) ကိုရောက်ရှိလို့လာခဲ့ပြီလည်းဖြစ်ပါတယ်။ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင်အသင်းတွေကတော့ ပွဲစဉ်တစ်ပွဲ နဲ့တစ်ပွဲ မှာကစားပုံနှင့်အတူ ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းရည်တွေကတော့ တကယ့်ကိုကောင်းလာတာကိုလည်းတွေ့ရပါတယ်။ ပြိုင်ဆိုင်မှုတွေပြင်းထန်တဲ့ ပွဲစဉ်တိုင်းမှာလည်း ပရိသတ်တွေအတွက် ကြည့်လို့ကောင်းတဲ့ ပွဲစဉ်ကောင်းတွေပဲဖြစ်ခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook Page
Photo Credit - Myanmar National League Facebook Page

ယခုမှာဆိုရင်လည်း ပရိသတ်တွေအတွက် ပွဲစဉ်ကောင်းတစ်ပွဲဖြစ်ခဲ့တဲ့ ပွဲစဉ် (၁၀)အဖြစ် မတ်လ ၁၉ ရက်နေ့ ညနေ ၄နာရီအချိန်တွင် ချင်းလန်းအသင်း နှင့် ရတနာပုံအသင်းတို့ရဲ့ ပွဲစဉ်ကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ ယင်းပွဲစဉ်မှာတော့ ချင်းလန်းအသင်းကို ရတနာပုံအသင်းက (၄-ဝ) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရယူခဲ့ပါတယ်။ ရတနာပုံအသင်းကတော့ ကစားပုံမှာလည်း ပြိုင်ဖက်အသင်းရဲ့ မှားယွင်းမှုတွေကို အခွင့်ကောင်းယူပြီး ဂိုးအဖြစ်အသုံးချနိုင်ခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook Page
Photo Credit - Myanmar National League Facebook Page

ရတနာပုံအသင်းအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၁၃ မိနစ် ၊ ၃၀ မိနစ် နှင့် ၅၄ မိနစ် တို့မှာ ကောင်းခန့်ကျော် က တစ်ဦးတည်း သုံးဂိုးသွင်းယူပေးခဲ့ပါတယ်။ နောက်ထပ် ရတနာပုံအသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို ပွဲချိန် ၅၀ မိနစ်မှာ ဇေယျာစိုး ကသွင်းယူပေးခဲ့ပြီ ပွဲချိန်ပြီးဆုံးချိန်မှာတော့ ရတနာပုံအသင်းက ချင်းလန်းအသင်းကို (၄-ဝ) ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူခဲ့ကာ ရမှတ် ၃ မှတ်ကို ရယူနိုင်ခဲ့ပါတယ်။ ချင်းလန်းအသင်းကတော့ ယခု ရတနာပုံအသင်း နှင့် ပွဲစဉ် မှာအကောင်းဆုံးကြိုးစား ယှဉ်ပြိုင်ကစားခဲ့ပေမယ့် အရှုံး နဲ့သာရင်ဆိုင်ခဲ့ရပါတယ်။

Source & Photo Credit - Myanmar National League Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။