MPT Myanmar National League Youth (U-19) အမှတ်ပေးဘောလုံးပြိုင်ပွဲ တစ်ပွဲအဖြစ် ပရိသတ်တွေအတွက် ပွဲစဉ်ကောင်းတစ်ပွဲဖြစ်ခဲ့တဲ့ ပွဲစဉ် (၁၀)အဖြစ် မတ်လ ၁၉ ရက်နေ့ ညနေ ၄နာရီအချိန်တွင် ယောမြေလူငယ် ယူ-၁၉အသင်း နှင့် စစ်ကိုင်းလူငယ်ယူ-၁၉အသင်း ပွဲစဉ်ကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ ယင်းပွဲစဉ်မှာလည်း စစ်ကိုင်းယူနိုက်တက်လူငယ်အသင်းက ယောမြေအသင်းကို (၁-ဝ) ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook Page
Photo Credit - Myanmar National League Facebook Page

စစ်ကိုင်းယူနိုက်တက်လူငယ်အသင်းကတော့ ကစားပုံမှာလည်း ပြိုင်ဖက်အသင်းရဲ့ မှားယွင်းမှုတွေကို အခွင့်ကောင်းယူပြီး တန်းဖိုးရှိတဲ့ အနိုင်ဂိုးတစ်ဂိုးကိုရယူနိုင်ခဲ့ပါတယ်။ စစ်ကိုင်းယူနိုက်တက်အသင်း နှင့် ယောမြေအသင်းတို့ကတော့ ပွဲချိန်တစ်လျှောက်အပြန်အလှန် ဂိုးပေါက်ခြိမ်းခြောက်မှုတွေနဲ့ အခွင့်ရေးရရှိခဲ့ပေမယ့် ဂိုးအဖြစ် အသုံးချနိုင်ခြင်းမရှိပဲ ပထမပိုင်း ၄၅ မိနစ်မှာ ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook Page
Photo Credit - Myanmar National League Facebook Page

ဒုတိယပိုင်းမှာတော့ စစ်ကိုင်းယူနိုက်တက်အသင်းတွက် တန်းဖိုးရှိတဲ့ အနိုင်ဂိုးတစ်ဂိုးကို ပွဲချိန် ၈၂ မိနစ်မှာ မင်းချစ်သူ က သွင်းယူပေးခဲ့ပါတယ်။နှစ်ဖက်အသင်းရဲ့ ကစားစွမ်းရည်တွေကတော့ ပြိုင်ဆိုင်မှုတွေပြင်းထန်တဲ့ ပွဲစဉ်ဖြစ်တာကြောင့် ပရိသတ်တွေအတွက် ကြည့်လို့ကောင်းတဲ့ ပွဲစဉ်ကောင်းတွေပဲဖြစ်ခဲ့ပါတယ်။ ပွဲစဉ်တစ်ပွဲ နဲ့တစ်ပွဲ မှာကစားပုံတွေကတော့ ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းရည်တွေက တကယ့်ကိုကောင်းလာတာကိုလည်းတွေ့ရပါတယ်။

Source & Photo Credit - Myanmar National League Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။