ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ အလှပဆုံး လေဆိပ်ကြီးများထဲတွင် တစ်ခုအပါအဝင်ဖြစ်တဲ့ "Beijing Capital International Airport China" ဘေဂျင်းမြို့တော်ရှိ နိုင်ငံတကာ လေဆိပ်အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှုသတင်း၊ ပြည်တွင်းပြည်ပ အားကစား သတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

နိုင်ငံတကာ လေဆိပ်များဟာ ရောက်ရှိလာတဲ့ ခရီးသည်များအပေါ် ဂရုစိုက်လေ့ရှိကြပြီး မိမိတို့လေဆိပ်များအား မိမိတို့နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးတိုးတက်မှု ပုံရိပ်များကို ဖော်ညွှန်းနိုင်ရန် တည်ဆောက်ခဲ့ကြပါတယ်။ သန့်ရှင်းသပ်ရပ် ခေတ်မီပြီး ဖွဲ့စည်းထားမှု ကောင်းမွန်သော လေဆိပ်များဟာ အခြားလေဆိပ်များထက် ပိုမိုကောင်းမွန်လေ့ရှိကြပါတယ်။ အမြဲလှပ၊ ဆန်းသစ် ခေတ်မီ သော လေဆိပ်များကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် မြင်တွေ့ကြရမှာဖြစ်ပြီး အဲ့ထဲမှာ ဘေဂျင်း နိုင်ငံတကာ လေဆိပ်ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

photo credit pngtree

၂၀၀၈ ခုနှစ် ကမ္ဘာ့အိုလံပစ် အားကစားပွဲတော်ကို တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်တွင် ကျင်းပခဲ့ပါတယ်။ ဘေဂျင်းအပြည်ပြည် ဆိုင်ရာလေဆိပ်ဟာ တိုးတက်များပြားသော ခရီးသွားများ ဝင်ထွက်သွားလာမှုကို အဆင်ပြေစွာ စီစဉ်ပေးနိုင်ရန် လေဆိပ်အဆောက် အအုံအမှတ် (၃)ကို ပွဲတော်မကျင်းပမီ အချိန်တည်းက တိုးချဲ့ဆောက်လုပ်ခဲ့ပါတယ်။ ထိုအချိန်က ဘေဂျင်း လေဆိပ်အဆောက်အုံဟာ ကမ္ဘာ ပေါ်တွင် အကြီးမားဆုံးဖြစ်ခဲ့ပြီး ယခုအခါမှာတော့ ကမ္ဘာ့ဒုတိယ အကြီးဆုံး လေဆိပ် အဆောက်အအုံအဖြစ် ရပ်တည်နေပါတယ်။ လက်ရှိတိုးချဲ့ထားသော ဘေဂျင်းမြို့တော် နိုင်ငံတကာလေဆိပ်ကို သုံးနှစ်ကျော် အချိန်ယူ တည်ဆောက်ခဲ့ပြီး ဗြိတိသျှ ဗိသုကာပညာရှင် နော်မန်ဖော့စ်တာ(Norman Foster)က အကောင်းဆုံးလေဆိပ်တစ်ခု အဖြစ် မွမ်းမံအလှဆင်ခဲ့တာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။