ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှားမှာရှိတဲ့ ထူးခြားဆန်းပြား ကြောက်မက်ဖွယ်ကောင်းသော နေရာတွေနဲ့ ပတ်သက်ပြီး တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အဲ့ထဲကမှ ဖလော်ရီဒါ ပြည်နယ်မှာရှိတဲ့ အမဲရောင် တွင်းနက်ကြီးအကြောင်းကို ရွေးချယ်ဖော်ပြပေးသွားမှာပါ။ အဆိုပါ သတင်းကို မဖော်ပြသေးခင်မှာ လတ်တလော အနုပညာလှုပ်ရှားမှု၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ ပြောကြားချင်ပါတယ်။

photo credit pngtree

ဖလော်ရီဒါ "Aucilla"ဆိုတဲ့ အမဲရောင် တွင်းနက်ကြီး တစ်ခု ရှိပါတယ်။ ထိုတွင်းကြီးထဲကို ဘယ်သူမှ မဆင်းရဲပါဘူးနော်။ နှစ်ပေါင်းများစွာ အလွန်ကြာပြီဖြစ်တဲ့ အဲ့တွင်းနက်ကြီးထဲမှာ အမျိုးအမည် မသိတဲ့ သတ္တဝါတွေ၊ ဓာတ်ငွေ့တွေ ရှိတတ်ဆိုပြီး နာမည်ဆိုးနဲ့ လူသိများ ကျော်ကြားတာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ လူများကလည်း သူတို့ရဲ့ အသက်အန္တရာယ် ဘေးဒုက္ခရောက်မှာကို စိုးရိမ်တာကြောင့် မဆင်းရဲကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့လို ကြောက်မက်ဖွယ် အန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ တွင်းနက်ကြီးထဲကို အာဂသတ္တိရှိသူ တစ်ဦးက စွန့်စွန့်စားစား သွားရောက်ခဲ့တာပါ။

photo credit pngtree

ထိုသူကတော့ ဖလော်ရီဒါ တက္ကသိုလ်မှ ပရော်ဖက်ဆာ "Jessi Halligan"ဆိုသူဖြစ်ပြီး အသက်နှင့် ရင်းကာ ဆင်းခဲ့တာ ဖြစ်ပါတယ်။ ထိုသူဆင်းရတဲ့ ရည်ရွယ်ချက်ကတော့ ကိရိယာ တန်ဆာပလာများဖြင့် တွင်းနက်ကြီးထဲမှာ သုတေသန ရှာဖွေပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။ အဲ့လိုရှာဖွေခဲ့တဲ့ နောက်မှာတော့ လွန်ခဲ့သော နှစ်ပေါင်း သောင်းလေးထောင်ခန့်က လူများ ဆင်ကို ကျုံးသွင်းပြီးထောင်းဖမ်းသော နေရာကြီးပဲ ဖြစ်နေပါတယ်။ ထူးခြားတာကတော့ "mastodon tusks" လို့အမည်ရတဲ့ ဧရာမ ဆင်ကြီးများရဲ့ ရုပ်ကြွင်းနှင့် လူ့အသုံးအဆောင် ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

source သံ ဇဉ် မိုးဇတ် 

photo credit pngtree

photo credit pngtree
photo credit သံ ဇဉ် မိုးဇတ်

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။