photo credit - liquipedia

Weplay ကကျင်းပတဲ့ We Save! Charity Play ပြိုင်ပွဲကြီးကတော့ ဒီကနေ့ မတ်လ 20 ရက်နေ့ကနေ 26 ရက်နေ့အထိ online tournament အနေနဲ့ ကျင်းပပြုလုပ်သွားမှာပဲဖြစ်သလို

ဒီပြိုင်ပွဲကြီးဟာ Corona Virus တိုက်ဖျက်ရေး ရန်ပုံငွေ ရှာတဲ့ ပြိုင်ပွဲကြီးတစ်ပွဲလည်းဖြစ်ပါတယ်။

ဒီပြိုင်ပွဲကြီးမှာတော့ region 6 ခုကနေ တစ် region ကို 4 သင်းအနေနဲ့ စုစုပေါင်း အသင်း 24 သင်းဝင်ရောက်ယှဉ်ပြိုင်သွားမှာပဲဖြစ်ပါတယ်။

စုစုပေါင်း ပေးအပ်သွားမယ့် ဆုကြေးငွေကတော့ ဒေါ်လာ 120,000 USD ဖြစ်ပြီး online toranment ဖြစ်တာကြောင့် region တစ်ခုကို တစ်အုပ်စုအနေနဲ့ ယှဉ်ပြိုင်သွားရမှာပဲဖြစ်ပါတယ်။

Sea Region ကနေတော့ Geek Fam , Boom Esports , TNC Predator နဲ့ Team Adroit တို့က ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး China region ကနေတော့ PSG.LGD , Invictus Gaming , Vici Gaming နဲ့ EHOME တို့က ဝင်ရောက်ယှဉ်ပြိုင်သွားမှာပဲဖြစ်ပါတယ်။

Europe region ကနေတော့ Team Secret , Nigma , Team Liquid နဲ့ OG တို့ကဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး CIS region ကနေတော့ B8 , Navi , Hellraisers နဲ့ Viruts.pro တို့က ဝင်ရောက်ယှဉ်ပြိုင်သွားမှာပဲဖြစ်ပါတယ်။

South America region ကတော့တော့ FURIA Esports , NoPing E-sports , beastcoast , thunder predator တို့က ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး North America region ကနေတော့ Cloud9 ,CR4ZY , Evil Geniuses နဲ့ business associates တို့ကဝင်ရောက်ယှဉ်ပြိုင်သွားမှာပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲကြီးထဲက ထူးခြားချက်တစ်ခုအနေနဲ့ကတော့ နှစ်နှစ်ဆက်တိုက် Ti champion OG အသင်းဟာ သူတို့ရဲ့ လက်ရှိလူစားရင်းကိုအပြောင်းအလဲလုပ်ပြီး Ceb နဲ့ Madara တို့က Midone နဲ့ Topson နေရာမှာ ဝင်ရောက်ကစားသွားမှာပဲဖြစ်ပါတယ်။

ရန်ပုံငွေရှာတဲ့ ပြိုင်ပွဲကြီးဆိုပေမယ့် ဘယ် အသင်းက ချန်ပီယံဖြစ်သွားမလဲဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။

source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။