ချစ်ပရိသတ်ကြီးရေ မင်းသမီးချောလေး ခင်သဇင်ကတော့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုများစွာရရှိထားပြီး ပရိသတ်ရင်ထဲ အချိန်တိုလေးအတွင်းမှာ နေရာယူထားနိုင်တဲ့ သူပဲဖြစ်ပါတယ်။ အခုလက်ရှိမှာ သူမက အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လှုပ်ရှားနေတာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေကိုလည်း ရိုက်ကူးနေတဲ့အပြင် ဖိတ်ကြားထားတဲ့ ပွဲအခမ်းအနားတွေကိုလည်း မြင်သူငေးရလောက်အောင် တက်ရောက်နေတဲ့ သူပဲဖြစ်ပါတယ်။

Photo credit - Khin Thazin's Fb account
Photo credit - Khin Thazin's Fb account

သူမက ကျစ်လှစ်သွယ်လှတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့်လည်း ပုရိသယောကျာ်းလေး ပရိသတ်တွေရဲ့ အသည်းစွဲအားပေးချစ်ခင်ရတဲ့ သူလေးပဲဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံက စတင်ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်ကို မြန်မာပြည်သူပြည်သားတွေ စိုးရိမ်နေကြတာပဲဖြစ်ပါတယ်။ ဒီရောဂါဆိုးကြီးကနေ ကာကွယ်ဖို့အတွက် မင်းသမီးချောလေး ခင်သဇင်က မကြာသေးမီက သူမရဲ့ဖေ့ဘွတ်စာမျက်နှာကနေ မျှဝေပေးထားတာပဲဖြစ်ပါတယ်။

Photo credit - Khin Thazin's Fb account
Photo credit - Khin Thazin's Fb account

" ရောဂါပိုးတွေ ကာကွယ်ဖို့ ဆိုတာ ကိုယ်ခံအား ကောင်းဖို့ သေချာစား ၊ သေချာအိပ် ၊ သေချာ လေ့ကျင့်ခန်း လုပ်ဖို့ အရေးကြီးပါတယ် ။ အသီးနှံ များများစား ၊ အသားလျော့စားပြီး ၊ စိတ်ဖိစီးမှု အတက်နိုင်ဆုံး လျော့ချဖို့ လိုပါတယ် ...လက်သေချာဆေး ဖို့လည်း မမေ့ပါနဲ့နော် ..." ဆိုတဲ့ စာသားလေးကို ရေးသားမျှဝေထားတာပဲဖြစ်တာမို့ ချစ်ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်...။ ဒါ့အပြင် ခင်သဇင်ရဲ့ လှပပြီး ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး အချစ်ပိုစေရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်...။ သူမရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားမှုတွေကိုလည်း ချစ်ပရိသတ်ကြီးက အားပေးကြမယ်မလား။ သူမရဲ့ ပုံလေးတွေကို ကြည့်ပြီးအသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့ အုန်းနော်...။ 

Photo credit - Khin Thazin's Fb account
Photo credit - Khin Thazin's Fb account

Source & Photo credit - Khin Thazin's Fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။