မိန်းကလေးအစစ်မဟုတ်လို့ မြန်မာသတို့သမီးဝယ်သူ တရုတ်အမျိုးသားအခက်တွေ့

တရုတ်နိုင်ငံ ယူနယ်ပြည်နယ်က တရုတ်အမျိုးသားတဦးဟာ ပွဲစားကတဆင့် မြန်မာအမျိုးသမီးတဦးကို ဝယ်ယူခဲ့ရာမှာ မိန်းကလေးအစစ်မဟုတ်ဘဲ ယောကျ်ားလေး တဦးဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ဂျပန် excite အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဘယ်လိုမျိုး ဖြစ်ခဲ့လည်းဆိုတာကတော့

တရုတ်နိုင်ငံ ယူနန်ပြည်နယ်က အသက် ၂၅ နှစ်အရွယ် ရှောဂန်း ဆိုတဲ့ တရုတ်အမျိုးသားက သတို့သမီးကို အိမ်ထောင်ဖက်ရှာပွဲစားမှတဆင့် မေလ ၄ ရက်နေ့မှာ မြန်မာအမျိုးသမီး ယွန်းမေကို တွေ့ဆုံပြီး သဘောကျကာ စုစုပေါင်းယွမ် ၃၆၀၀၀ (ကျပ်သိန်း ၆၀ နီးပါး) နဲ့ ဝယ်ယူခဲ့ပါတယ်။

ယွန်းမေ လို့ အမည်ရတဲ့ မြန်မာမိန်းကလေးဟာ တရုတ်စကား လုံးဝမတတ်ပေမယ့် တရုတ်အမျိုးသားရှောဂန်းက လက်ထပ်ဖို့ ဆုံးဖြတ်ကာ မြန်မာမိန်းကလေးနဲ့ သူမ မိခင်ဖြစ်သူကိုပါ အိမ်ကိုခေါ်ယူခဲ့ပါတယ်။

အိမ်ရောက်ပြီး ၅ ရက်အကြာ လက်မထပ်ခင် ဒေသဆိုင်ရာဆေးရုံမှာ ဆေးစစ်ဖို့ ပြောဆိုတာကို ငြင်းဆန်ကာ နေအိမ်ကနေ ထွက်ပြေးခဲ့ပါတယ်။

တရုတ်အမျိုးသားက ရဲဌာနကို တိုင်တန်းရှာဖွေပြီး မေလ ၂၁ ရက်နေ့က ဖမ်းဆီးစစ်ဆေးရာ မယွန်းမေမှာ မိန်းကလေးအစစ်မဟုတ်ဘဲ မိန်းကလေးစိတ်ဝင်နေတဲ့ ယောက်ျားလေးတဦး ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့တာပါ။

ယွန်းမေတို့ သားအမိကတော့ တရုတ်နိုင်ငံထဲမှာ နေထိုင်ခွင့်ရချင်လို့ တရုတ်အမျိုးသားနဲ့ လက်ထပ်ဖို့ ကြံရွယ်ခဲ့တာလို့ ရဲစခန်းမှာ ထွက်ဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ သတို့သမီးရှားပါးတဲ့အတွက် ဗီယက်နမ်ကျေးလက်က ဆင်းရဲတဲ့ မိန်းကလေးတွေ ကို တရုတ်အမျိုးသားတွေက အများဆုံးရှာဖွေဝယ်ယူ လက်ထပ်ကြပြီး မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ယူနန်ပြည်နယ်ကတော့ မြန်မာအမျိုးသမီးငယ်တွေကို ရှာဖွေဝယ်ယူ လက်ထပ်တာတွေ မြင့်တက်လာနေပါတယ်။

Source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။