ခေတ်မီလာသော ယနေ့ခေတ်ကြီးမှာ နည်းပညာတွေတိုးတက်လာတာကြောင့် ကလေးတွေကော၊ လူကြီးတွေပါ တီဗီ၊ ဖုန်း၊ ကွန်ပျူတာ အစရှိတဲ့ electronics devices တွေနဲ့ ကင်းလွတ်တယ်ဆိုတာ မရှိသလောက်ကို ရှားပါးလာပြီပဲ ဖြစ်ပါတယ်။ အဲ့လို သုံးစွဲမှုအပေါ် လူကြီးတွေက သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်ပေမယ့် ကလေးတွေကတော့ ထိန်းချုပ်ကွပ်ကဲပေးမယ့်သူမရှိရင် ကျန်းမာရေး၊ ပညာရေးတွေမှာ ထိခိုက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ညဘက် တီဗီကြည့်တာ၊ ဂိမ်းဆော့တာများပြီး ညဉ့်နက်မှ အိပ်ရာဝင်တာကြောင့် မနက်မထနိုင်တာမျိုးတွေ အချိန်ကြာလာတဲ့အခါမှာ သူတို့လေးတွေအတွက် တစ်ကယ်ကို မကောင်းတဲ့အရာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

photo credit pngtree

ဒါကြောင့်မလို့ လူကြီးမိဘတွေအနေနဲ့ ကိုယ့်ရဲ့ သား၊သမီးတွေကို မနက်အိပ်ရာထတဲ့အခါမှာ အမိန့်ပေးပြီး နှိုးသလိုမျိုးမဖြစ်စေရဘဲ သူ့အလိုလို အိပ်ရာထတတ်အောင် လိမ္မာပါးနပ်စွာ ပြုမူလေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး အကြံဉာဏ်ပေးချင်တာကတော့ ကလေးတွေ အိပ်တဲ့ အခန်းကို လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ထားရမှာဖြစ်ပြီး နေရောင်ခြည်နဲ့ထိတွေစေဖို့ အရေးကြီးပါတယ်။ အဲ့လိုမျိုး စီစဉ်ပေးတာက နှစ်ခြိုက်စွာ အိပ်ပျော်စေသလို မနက်စောစီးစွာ နိုးဖို့ကိုလည်း အထောက်အကူပြုစေမှာပါ။

photo credit pngtree

နောက်ထပ် နည်းလမ်းလေးကတော့ သင့်ရဲ့ကလေးကို ဖုန်းသုံးတာပဲဖြစ်ဖြစ်၊ ဂိမ်းဆော့တာပဲဖြစ်ဖြစ်၊ တီဗီကြည့်တာပဲဖြစ်ဖြစ် ကတိ၊ ကဝတ်ပေးပြီး အချိန်အကန့်အသတ် ထားပေးဖို့ပါ။ မအိပ်ခင် ၁၅ မိနစ် သို့မဟုတ် နာရီဝက်လောက် ပေးသုံးမယ် ပြီးရင်တော့ အိပ်ရာထဲဝင်ဖို့ကို ချိုချိုသာသာနဲ့ ကလေး နားလည်အောင် (ညဉ့်နက်မှ အိပ်ပြီး နေဖင်ထိုးမှ ထတယ်ဆိုရင် ဘာဖြစ်တတ်တယ်ဆိုတာမျိုး) ရှင်းပြပေးရမှာ ဖြစ်ပါတယ်။ နောက်ပြီး မိုးလင်းတာနဲ့ မြူးကြွတဲ့သီချင်းတွေ ဖွင့်တာမျိုး၊ အိပ်ရာထဖို့ကို ချိုသာစွာပြောတာမျိုး၊ လက်ဆောင်အနေနဲ့ အရုပ်လေးတွေ ပေးတာမျိုးကို ပြုလုပ်ပေးခြင့် အချိန်ကြာလာတဲ့အခါမှာ သူ့အသိစိတ်ဓာတ်နဲ့သူ စောစီးစွာ အိပ်ရာထတတ်လာမှာ ဖြစ်ပါတယ်။

photo credit pngtree

photo credit pngtree

သတင်းအရင်းမြစ် Mg Thit Sar

မည်သည့်တစ်စုံတစ်ဦးကိုမျှ ထိခိုက်စေလိုခြင်းမရှိဘဲ အများအကျိုးစီးပွားရေးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။