MPT Myanmar National League Youth (U-19) 2020 အမှတ်ပေး‌ ဘောလုံးပြိုင်ပွဲ ပွဲစဉ်တစ်ပွဲအဖြစ် မတ်လ ၂၀ရက်နေ့ ညနေ လေးနာရီက ပဒုမ္မာကွင်း တွင် ဟံသာဝတီယူနိုက်တက် ယူ-၁၉ အသင်းနှင့် မောရဝတီ ယူ-၁၉ အသင်းတို့ ကစားခဲ့ကြပါတယ်။ ယင်းပွဲစဉ်မှာလည်း ပိုမိုကောင်းမွန်တဲ့ခြေစွမ်းမျိုးတွေနဲ့ မောရဝတီ ယူ-၁၉ အသင်းကို ဟံသာဝတီယူနိုက် တက် ယူ-၁၉ အသင်းမှ ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

နှစ်ဖက်အသင်းစလုံးကတော့ ပွဲချိန်စတင်အတွင်းမှာပဲ အပြန်အလှန်ခြေစွမ်းရည် တွေနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ပွဲချိန် ၁၀ မိနစ်တွင် ဟံသာဝတီအသင်းမှ ဦးဆောင်ဂိုးစတင်ရခဲ့ပြီး စည်သူအောင်မှ သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၂၆ မိနစ်တွင် ဒုတိယဦးဆောင်ဂိုး ထပ်မံရခဲ့ပြီး စည်သူအောင်မှ ထပ်မံသွင်းယူပေးခဲ့ပါတယ်။ ပထမပိုင်းအပြီးတွင် ဟံသာဝတီ အသင်းမှ နှစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့ ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ဒုတိယပိုင်းတွင် မောရဝတီအသင်းမှ ချေပဂိုးများ ပြန်လည်ရရန် ကြိုးပမ်းခဲ့ သော်လည်း ဂိုးမရခဲ့ပါဘူး။ ပွဲပြီးဆုံးချိန်တွင် ဟံသာဝတီအသင်းမှ မောရဝတီ အသင်းအား ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။ဟံသာဝတီအသင်းသည် ၁၀ ပွဲ ကစားပြီးချိန်တွင် ငါးပွဲနိုင်၊ နှစ်ပွဲ သရေ၊ သုံးပွဲ ရှုံး ရမှတ် ၁၇ မှတ် ရရှိထားပြီး မောရဝတီအသင်းသည် တစ်ပွဲ နိုင်၊ တစ်ပွဲ သရေ၊ ရှစ်ပွဲ ရှုံး ရမှတ် လေးမှတ် ရရှိထားပါတယ်။

Photo Credit - Myanmar National League Facebook page

Source - Myanmar National League Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။