ဘောလုံးအားကစား ဝါသနာရှင် ပရိသတ်တွေအတွက် သတင်းကောင်းလေးတစ်ခုကတော့ ပြိုင်ပွဲတွေနဲ့ ကင်းကွာနေရတဲ့ အချိန်ကာလအတွင်းမှာ ဖျော်ဖြေမှု ရသပေးစွမ်းမယ့် MPT Myanmar National League 2020 ပွဲစဉ် (၁၀)ကို ယခုတစ်ပတ်မှာ ကျင်းပပြုလုပ်သွားမယ်ဆိုတဲ့အကြောင်းလေးပဲ ဖြစ်ပါတယ်။ ယခုအချိန်က အသင်းတွေကြား ရာသီဝက်ချန်ပီယံဆုအတွက် အပြိုင်အဆိုင်ဖြစ်နေတဲ့အချိန်ကာလလည်း ဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook page

ဒါ့အပြင် အလယ်အလတ်အသင်းတွေရဲ့ မထင်မှတ်တဲ့ခြေစွမ်းပြမှုတွေနဲ့ အတူ ရမှတ်ကွာဟမှု ကြီးကြီးမားမား သိမ်မရှိတဲ့ တန်းဆင်းဇုန်အတွင်းက အသင်းတွေရဲ့ အခြေအနေတွေကြောင့် ပွဲစဉ် (၁၀) ဟာ ပရိသတ်တွေရဲ့ စိတ်နှလုံးဘဝင်ကို ညို့ယူဖမ်းစားလို့ နေဦးမှာပါ။ ဒီလိုပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အထွတ်အထိပ်ကာလကို ရောက်ရှိနေစဉ်အတွင်း ပရိသတ်တွေအနေနဲ့ကူးစက်မြန် Covid-19 အဆုတ်ရောင် ရောဂါကြောင့် ပြိုင်ပွဲတွေကို ကွင်းအတွင်းလာရောက်အားပေးဖို့ တော့ မဖြစ်နိုင်ပါဘူး။ သို့ပေမယ့် ပရိသတ်တွေ နေအိမ်ကနေ မခွဲမခွာ အားပေးကြပါဦး။

Photo Credit - Myanmar National League Facebook page

ယင်းပွဲစဉ်တိုင်းကို TV ဖန်သားပြင်နဲ့ My Sports, MNL FB တို့ကနေ အားပေးကြည့်ရှုနိုင်စေရန် စီစဉ်ပေးထားခြင်းပဲ ဖြစ်ပါတယ်။ရာသီဝက်ကာလအတွင်း ယှဉ်ပြိုင်ကစားတဲ့ ပွဲစဉ်တွေဟာ သာမန်အချိန်ထက်ပိုမိုပြီး ဘောလုံးရသကို ပေးစွမ်းလေ့ရှိပါတယ်။ယင်းပွဲစဉ်တွေက သာမန်ထက် ကြည့်လို့ကောင်းမယ့် ပွဲစဉ်တွေကို လက်လွတ်မသွားစေဖို့အတွက်တော့ သာမန်ထက် အချိန်စောပြီး TV ရှေ့မှောက်မှာ အားပေးကြည့်ရှုပေးပါဦး။

Photo Credit - Myanmar National League Facebook page

Source - Myanmar National League Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။