ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့ သက်တမ်း အရှည်ဆုံး ဘဏ်များထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Coutts" ဘဏ်ကြီး အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြ ပေးသွားမှာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် ၁၆၉၂ ခုနှစ်က ထူထောင်ခဲ့တဲ့ "Coutts" ဘဏ်ဟာ ယနေ့ထိတိုင် တည်ရှိနေပြီး ပြည်တွင်းမှာ ဘဏ်ခွဲပေါင်း ၂၈ ခုဖွင့်လှစ်ထားတာပါ။

photo credit pngtree

"Coutts"ဟာ အင်္ဂလန်နိုင်ငံတွင် ၁၇ ရာစုမှာ ထူထောင်ခဲ့တဲ့ ဘဏ်တစ်ခုဖြစ်ပြီး ၁၆၉၂ ခုနှစ်တွင်စကော့လူမျိုး လူငယ် ပန်းတိမ်သမား Campbell က ပန်းတိမ်လုပ်ငန်း ဘဏ်တစ်ခုအဖြစ် ဦးစွာဖွင့်လှစ်ခဲ့ပါတယ်။ ၁၇၁၂ ခုနှစ်မှာတော့ Campbell ကွယ်လွန်ခဲ့ပြီး ဘဏ်လုပ်ငန်းကို Campbell ရဲ့ မိသားစုက ဆက်ခံခဲ့ပါတယ်။

photo credit pngtree

၁၇၅၅ ခုနှစ်မှာတော့ Campbellရဲ့ မြေးမိန်း ကလေး Pollyဟာ ကုန်သည်နှင့် ဘဏ်လုပ်ငန်းရှင် James Coutts နှင့် လက်ထပ်ခဲ့ပါတယ်။ ၁၇၆၀ ပြည့်နှစ်မှာတော့ Polly နှင့် သူမရဲ့ ဖခင်တို့ကွယ်လွန်ခဲ့ကြပါတယ်။ အဲ့ဒီနောက် ဘဏ်လုပ်ငန်းဟာ James Coutts လက်သို့ရောက်ရှိခဲ့ပြီး James Couttsဟာ ဘဏ်အမည်ကို Couttsလို့ ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။