MPT Myanmar National League II 2020 အမှတ်ပေးဘောလုံး ပြိုင်ပွဲ (Week-5) ပွဲကျန်တစ်ပွဲအဖြစ် မတ် ၂၁ ရက်နေ့ ညနေ လေးနာရီက ၊ ပဒုမ္မာကွင်းတွင် Junior Lions အသင်းနှင့် မြဝတီအသင်း တို့ ကစားခဲ့ရာ မြဝတီအသင်းမှ နှစ်ဂိုး တစ်ဂိုး ဖြင့် အနိုင်ရခဲ့ပါတယ်။ပွဲစစချင်း နှစ်မိနစ်တွင် မြဝတီအသင်းမှ ဦးဆောင်ဂိုးစတင်ရခဲ့ပြီး တိုက်စစ်မှူး ကောင်းစည်သူက သွင်းယူပေးခဲ့ပါတယ်။ ဦးဆောင်ဂိုးပေး ခဲ့ရသည့် Junior Lions အသင်းသည် ချေပဂိုးပြန်လည်ရရှိရန် ကြိုးပမ်းသော်လည်း မြဝတီအသင်း ကစားသမား များမှ အကောင်းဆုံးတုံ့ပြန်ကစားခဲ့ပြီး ပထမပိုင်းအပြီးတွင် မြဝတီအသင်းမှ တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့ပါတယ်။

Photo Credit - Myanmar National League ll Facebook page
Photo Credit - Myanmar National League ll Facebook page

ဒုတိယပိုင်း ပြန်အစတွင် Junior Lions အသင်းမှ ချေပဂိုးပြန်လည်ရရန် ကြိုးပမ်းသော်လည်း မြဝတီအသင်းမှ ခံစစ်ကို အကောင်းဆုံးခုခံ ကစားခဲ့ပြီး တန်ပြန်တိုက်စစ်များဖြင့် ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ပွဲချိန် ၇၆ မိနစ်တွင် မြဝတီအသင်းမှ ဒုတိယ ဦးဆောင်ဂိုးထပ်မံရခဲ့ပြီး တိုက်စစ်မှူး ဘုန်းကျော်ဇင်မှ သွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် Junior Lions အသင်းမှ ချေပဂိုးတစ်ဂိုးရခဲ့ပြီး လူစားဝင်ရောက်လာသည့် မင်းခန့်မောင်မှ သွင်းယူပေးခဲ့ပါတယ်။

Photo Credit - Myanmar National League ll Facebook page
Photo Credit - Myanmar National League ll Facebook page

ပွဲပြီးဆုံးချိန်တွင် မြဝတီအသင်းမှ နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။မြဝတီအသင်းကတော့ ယင်းပွဲစဉ်မှာအနိုင်ရခဲ့သည့်အတွက် ခုနစ်ပွဲ ကစားအပြီး တွင် ခြောက်ပွဲ နိုင်၊ တစ်ပွဲ ရှုံး ရမှတ် ၁၈ မှတ်ဖြင့် အဆင့် ၃ နေရာတွင် ဆက်လက်ရပ်တည်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၁ နှင့် ၂ မှ Junior Lions အသင်း၊ Chinland အသင်းတို့နှင့် ရမှတ်တူဖြစ်ခဲ့ပါတယ်။ Junior Lions အသင်းသည် ယင်းပွဲစဉ်မှာ ရှုံးခဲ့သည့်အတွက် ရှုံးပွဲမရှိစံချိန် ပျက်ခဲ့သော်လည်း ဂိုးကွာခြားချက်ကြောင့် အဆင့် ၁ နေရာတွင် ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

Photo Credit - Myanmar National League ll Facebook page

Source - Myanmar National League ll Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။