ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့အစောဆုံး မော်တော်ယာဉ်များထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Daimler-Maybach Stahlradwagen" စတီးဘီးကား အကြောင်းကို ဗဟုသုတု ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာပါ။ ၁၈၉၉ ခုနှစ်တွင် Gottlieb Daimler ဟာစတီးဘီးကား "The Stahlradwagen"ကို သူရဲ့ ရာသက်ပန် စီးပွားရေး လုပ်ဖော်ကိုင်ဖက် တစ်ဦးဖြစ်သူ "Wilhelm Maybach" အကူအညီဖြင့် ပြုလုပ်ခဲ့ပါတယ်။ 

photo credit မောင် သာ ရှေးဟောင်းသုတေသန

သူတို့ ပထမဆုံး တရားဝင် ထုတ်လုပ်ခဲ့တဲ့ အင်ဂျင်ဖြင့် မောင်းရသော မော်တော်ကားဟာ မြင်းဖြင့် ဆွဲရတဲ့ လှည်းတစ်စီးကို ပုံစံပြောင်းထားတာတော့ မဟုတ်ပါဘူး။ ထိုကားကို မထုတ်လုပ်မီ ၁၈၈၆ ခုနှစ်တွင် သူတို့နှစ်ဦးဟာ မြင်းဆွဲရထားလုံး တစ်စီးပေါ်မှာ အင်ဂျင်ကို တပ်ဆင်ခဲ့သဖြင့် ပထမဆုံး မော်တော်ကားလို့ အသိအမှတ်ပြုခြင်းတော့ မခံခဲ့ရပါဘူး။ Daimler နှင့် Maybach တို့ဟာ သူတို့ရဲ့ ပထမဆုံးမော်တော်ယာဉ်ကို ဂျာမနီ နိုင်ငံမှာ ထုတ်လုပ်ခွင့်မရရှိခဲ့ဘဲ ပြင်သစ် နိုင်ငံတွင် ပြုလုပ်ရန် လိုင်စင်ရရှိခဲ့ပါတယ်။

photo credit pngtree

ထို့ကြောင့် သူတို့ဟာ မော်တော်ယာဉ် Stahlradwagen ကို ၁၈၈၉ ခုနှစ်၊ အောက်တိုဘာလတွင် ပါရီပြပွဲမှာ ပထမဆုံးပြသခဲ့ပါတယ်။ နောက်နှစ်တွင် သူတို့နှစ်ဦးဟာ DMG (Daimler Motoren Gesellschaft) ကို ထူထောင်၍ မော်တော်ယာဉ်များကို ရောင်းချခဲ့ပြီး ၁၈၉၂ ခုနှစ်တွင် ပထမဆုံးကားကို ရောင်းချခဲ့ရပါတယ်။ The Stahlradwagen ကို ဓာတ်ဆီဖြင့်မောင်းနှင်ရတဲ့ V-twin အင်ဂျင် တပ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။