ပရိသတ်ကြီးရေ MPT Myanmar National League Youth (U-19) 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲတွေကို ကျင်းပလာတာဟာ ယခုဆိုရင် ပွဲစဉ်(၁၀) ပြီးဆုံးခဲ့ပြီလည်းဖြစ်ပါတယ်။ အသင်းများရဲ့ ယှဉ်ပြိုင်မှုပုံစံတွေကလည်း ပြင်းပြင်းထန်ထန်ယှဉ်ပြိုင်ကစားသွားသလို ပရိသတ်တွေအတွက် ရသမျိုးစုံကိုပေးစွမ်းတဲ့ ပွဲစဉ်ကောင်းတွေပဲဖြစ်ခဲ့ပါတယ်။ ပွဲစဉ်(၁၀) မှာလည်း အသင်းများရဲ့ ပွဲရလဒ် နှင့် အမှတ်ပေးဇယားရပ်တည်မှုများကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook page

ပွဲစဉ်(၁၀) အပြီးအမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာတော့ ရမှတ် ၂၅ မှတ်ဖြင့် ရတနာပုံအသင်းက ဦးဆောင်ရပ်တည်နေခဲ့ပါတယ်။ ရတနာပုံအသင်းနှင့် ရမှတ် ၁ မှတ်အကွာ နဲ့ ရန်ကုန်ယူနိုက်တက်အသင်းက အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ISPE အသင်းကတော့ ရမှတ် ၂၃ မှတ်ဖြင့် အဆင့် ၃ နေရာတို့မှာ ရပ်တည်နေပါတယ်။ ဧရာဝတီယူနိုက်တက်အသင်းကတော့ ရမှတ် ၂၁ မှတ်ဖြင့် အဆင့် ၄ ၊ လက်ရှိချန်ပီယံအသင်းဖြစ်တဲ့ ရှမ်းယူနိုက်တက်အသင်းကတော့ ရမှတ် ၂၀ မှတ်ဖြင့် အဆင့် ၅ နေရာမှာ အသီးသီးရပ်တည်နေခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page

ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲရလဒ်တွေကိုတင်ပြရမယ်ဆို ရှမ်းအသင်း (p-p) MFF Youth ၊ တက္ကသိုလ်အသင်း (p-p) ဆောက်သမ်းအသင်း ၊ ISPE (ဝ-၃) ရန်ကုန်အသင်း ၊ ချင်းလန်းအသင်း (ဝ-၄) ရတနာပုံအသင်း ၊ ယောမြေ (၁-ဝ) စစ်ကိုင်း ၊ ကချင် (ဝ-၄) ရခိုင် ၊ မြဝတီ (၁-၁) ဧရာဝတီ ၊ ဟံသာဝတီ (၂-ဝ) မောရဝတီ ၊ ငွေကြယ်ပွင့် (ဝ-၆) မကွေး ၊ ချင်း (ဝ-၁) ဇွဲကပင် တို့ အသီးသီး ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

Photo Credit - Myanmar National League Facebook page

Source - Myanmar National League Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။