ပရိသတ်ကြီးရေ MPT Myanmar National League 2020 အမှတ်ဘောလုံးပြိုင်ပွဲ ကတော့ တဖန်ပြန်လည်ရောက်ရှိလို့လာပြီလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာလည်း ပရိသတ်တွေအတွက်ရသမျိုးစုံကိုပေးစွမ်းကာ ပရိသတ်တွေအတွက် ကြည့်လို့ကောင်းတဲ့ ပွဲစဉ်ကောင်းတွေဖြစ်ခဲ့ပါတယ်။ ယခုမှာလည်း ပရိသတ်အတွက် ပြိုင်ဆိုင်မှုတွေပြင်းထန်မယ့် ပွဲစဉ် (၁၀) ကိုရောက်ရှိလို့လာခဲ့ပြီလည်ဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook page

ပွဲစဉ် (၁၀)အဖြစ် မတ်လ ၂၃ ရက်နေ့ညနေ ၄ နာရီအချိန် သုဝဏ္ဏဘောလုံးကွင်းကြီးထဲမှာ ဟံသာဝတီယူနိုက်တက်အသင်း နှင့် ကရင်ပြည်နယ်ကိုယ်စားပြု ဇွဲကပင်ယူနိုက်တက်အသင်းတို့ ပွဲစဉ်ကို ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ရာသီဝက်ချန်ပီယံဖြစ်ဖို့ အခွင့်သာနေတဲ့ ဟံသာဝတီယူနိုက်တက်အသင်းက လက်ကျန်နှစ်ပွဲကို သတိထားပြီး ကစားမှာလည်းဖြစ်ပါတယ်။ လက်ရှိမှာ ဟံသာဝတီအသင်းကတော့ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာဦးဆောင်နေခဲ့ပြီး ဇွဲကပင်ယူနိုက်တက် ကတော့ အဆင့် ၁၀ မှာရပ်တည်နေတာဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook page

ဂုဏ်ယူဖွယ်ရာ မှတ်တမ်းသစ်တစ်ခုကို ရေးထိုးနိုင်မှာဖြစ်တာကြောင့် ပြိုင်ဘက်တိုင်း ခက်ခက်ခဲခဲ ကစားရမယ့် အခြေအနေပဲ ဖြစ်ပါတယ်။ ဇွဲကပင်အသင်းက လက်ရှိ အဆင့် (၁၂)က ချင်းအသင်းနဲ့ ရမှတ်တူ အနေအထားကြောင့် အဆိုးရွားဆုံးအခြေအနေတစ်ခုကို ဦးတည်သွားစေနိုင်ပါတယ်။ ဒါကြောင့် ရလဒ်ကောင်းဖို့ လိုအပ်နေတဲ့အသင်းလည်း ဖြစ်ပါတယ်။ ဒီပွဲစဉ်ကို My Sports FB ကနေ အပြင် Channel K ရုပ်သံလိုင်းကနေလည်း တိုက်ရိုက်ပြသပေးသွားမှာ ဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook page

Source - Myanmar National League Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။