photo credit - liquipedia

Russia နိုင်ငံအခြေစိုက် Dota 2 team တစ်ခုဖြစ်တဲ့ Gentlemen Dota 2 team ကတော့ ပြီးခဲ့တဲ့ 2020 ခုနှစ် 1 လပိုင်း 15 ရက်နေ့မှာ disband ပြုလုပ်ခဲ့ပါတယ်။

Disband ပြုလုပ်ခဲ့ပြီးနောက် Gentelmen ရဲ့ ex dota 2 roster ကို forZe Esports က ခေါ်ယူသွားခဲ့ပါတယ်။

ForZe eSports ကခေါ်ယူခဲ့ချိန်မှာတော့ ex Gentlemen dota 2 roster ထဲက carry player pio_65 ဟာ B8 ကိုပြောင်းရွှေ့သွားခဲ့တာကြောင့် forZe အနေနဲ့ Gibkiy ကို အားဖြည့်ခေါ်ယူခဲ့ပါတယ်။

forZe eSports အနေနဲ့လည်း ၎င်း roster နဲ့အတူ နှစ်လကျော်ကျော်လောက် လက်တွဲပြီးတဲ့အချိန်မှာတော့ လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ပြီး 2020 ခုနှစ် 3 လပိုင်း 19 ရက်နေ့မှာ disband ပြုလုပ်ခဲ့ပြီး forZe နဲ့ လမ်းခွဲလာတဲ့ Dota 2 roster တစ်ခုလုံးကို Gentlemen က ပြန်လည်ခေါ်ယူခဲ့ပါတယ်။

ဒါ့ကြောင့် Gentlemen ရဲ့ လက်ရှိ Dota 2 roster ကတော့

Po 1 – Gibkiy

Po 2 – 19teen

Po 3 – 633

Po 4 – Chu

Po 5 – VANSKOR တို့ပဲဖြစ်ပါတယ်။

source -liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။