အနုပညာလမ်းကြောင်းကို ဝင်ရောက်လာတာမကြာသေးပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုကို များစွာရရှိထားတဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဆောင်းယွန်းစံပဲဖြစ်ပါတယ်။

အကယ်ဒမီရွှေကြိုမယ်အဖြစ်လူသိများခဲ့ပြီး နောက်ပိုင်းမှာ သီချင်း MTVလေးတွေနဲ့ ကြော်ငြာတွေမှာ သရုပ်ဆောင်လာခဲ့တာပဲဖြစ်ပါတယ်။ ပွဲအခမ်းအနားတွေကိုလည်း မြင်သူတကာငေးရလောက်အောင်တက်ရောက်လာတာ အမှန်ပါပဲ...။

Photo credit - Saung Yoon San's FB account
Photo credit - Saung Yoon San's FB account

မင်းသမီးချောလေး ဆောင်းယွန်းစံက အချိုးအစားပြေပြစ်တဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာကြောင့် ဘယ်လိုအဝတ်အစားပဲဝတ်ဝတ်လိုက်ဖက်ကာ ပုရိသယောကျ်ားလေးပရိသတ်တွေရဲ့ အားပေးခြင်းကိုလည်း အများဆုံးရရှိထားတဲ့ သူပဲဖြစ်ပါတယ်။

သူမက အခုလက်ရှိမှာ Photo Shooting အလန်းစားလေးတွေကို ရိုက်ကူးနေပြီး အနုပညာလှုပ်ရှားမှုနဲ့ နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း ဖေ့ဘွတ်စာမျက်နှာကနေ တင်ပေးလေ့ရှိတာကြောင့် ပရိသတ်တွေက အချစ်ပိုနေကြတာပဲဖြစ်ပါတယ်...။

Photo credit - Saung Yoon San's FB account

လတ်တလောမှာ ဆောင်းယွန်းလေးက COVID-19ရောဂါမှ ကာကွယ်နိုင်ရန် ပရိသတ်တွေကို " ဟိတ် ဘယ်မှ မသွားနဲ့နော် အိမ်မှာပဲနေ" ဆိုတဲ့ စာသားလေးကို မကြာသေးမီအချိန်က သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ တင်ပေးလာတာပဲဖြစ်ပါတယ်။ 

ဒါ့အပြင် ပြည့်ပြည့်ဖောင်းဖောင်းမျက်နှာလေးကိုပေါ်အောင် ဓါတ်ဖမ်းထားတဲ့ သူမရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း မျှဝေထားတာကြောင့် ချစ်ပရိသတ်ကြီးကြည့်ရှုစေနိုင်ရန်အတွက် Myanmar Loadမှ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်...။

Photo credit - Saung Yoon San's FB account
Photo credit - Saung Yoon San's FB account

Source & Photo credit - Saung Yoon San's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။