ပရိသတ်ကြီးရေ MPT မြန်မာနေရှင်နယ်လိဂ် လူငယ်( ယူ-၂၁ )၂၀၂၀ အမှတ်ပေးဘောလုံးပြိုင်ပွဲတွေကတော့ ပြိုင်ဆိုင်မှုပြင်းပြင်းထန်ထန် ယှဉ်ပြိုင်သွားကြပြီး ပရိသတ်တွေအတွက် ကြည့်လို့ကောင်းတဲ့ ပွဲစဉ်တွေပဲဖြစ်ခဲ့ပါတယ်။ ယခုမှာဆိုရင်လည်း မြန်မာနေရှင်နယ်လိဂ်ပြိုင်တွေကို ကျင်းပပြုလုပ်လာတာဟာ ပွဲစဉ် (၁၁) ကိုရောက်ရှိလို့လာခဲ့ပြီလည်းဖြစ်ပါတယ်။ ပွဲစဉ် (၁၁) မှာ ပရိသတ်တွေအတွက် ပွဲကောင်းတစ်ဖြစ်ခဲ့တဲ့ မတ်လ ၂၂ ရက်နေ့ ညနေ ၄နာရီ အချိန်တွင် ရန်ကုန်ယူနိုက်တက် ယူ-၂၁ အသင်း နှင့် ရှမ်းယူနိုက်တက်ယူ-၂၁ အသင်း တို့အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

Photo Credit - Yangon United Football Club Facebook Page
Photo Credit - Yangon United Football Club Facebook Page

ယင်းပွဲစဉ်မှာလည်း ရှမ်းလူငယ်အသင်းအတွက် အဖွင့်ဂိုးကို ပွဲစချိန် ၃ မိနစ်မှာညီညီက သွင်းယူပေးခဲ့ပါတယ်။ ယင်းနောက် အပြန်အလှန် ဂိုးပေါက်ခြိမ်းခြောက်မှုတွေရရှိခဲ့ပြီး နှစ်သင်းလုံးကတော့ နောက်ထပ်ဂိုးတွေ ရယူနိုင်ခြင်းမရှိပဲ ပထမပိုင်းမှာ ရှမ်းယူနိုက်တက်အသင်းက တစ်ဂိုးဖြင့်ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ရန်ကုန်ယူနိုက်တက်အသင်း ရဲ့ အဆုံးသတ်ဂိုးတွေမသေချာခဲ့တာကြောင့် ရှမ်းယူနိုက်တက်အသင်းရဲ့ နောက်ထပ် အနိုင်ဂိုးတစ်ဂိုးကို ခွင့်ပြုလိုက်ရပါတယ်။

Photo Credit - Yangon United Football Club Facebook Page
Photo Credit - Yangon United Football Club Facebook Page

ရှမ်းယူနိုက်တက်အသင်းတွက် အနိုင်ဂိုးတစ်ဂိုးကို ပွဲချိန် ၇၉ မိနစ်မှာ သူရိန်ထွန်းတို့၏ သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ပါတယ်။ရန်ကုန်ယူနိုက်တက် (ယူ-၂၁) အသင်းတွင် ခန့်ကျော်ဦး (ဂိုး)၊ ရန်ပိုင်ဖြိုး၊ စိုင်းဆန္ဒအောင်၊ ရဲဌေး၊ စောကျော်အဲ၊ လွှမ်းမိုးဦး၊ ဇင်ကိုထက်၊ တေဇောလင်း၊ ချစ်မင်းပိုင်၊ မင်းခန့်မောင် နှင့် နိုင်မင်းသူ တို့ပွဲထွက် ပါဝင်ခဲ့ပါတယ်။ပွဲစဉ် ၁၁ ယှဉ်ပြိုင်ကစားပြီးချိန်တွင် ၅ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၃ ပွဲရှုံး၊ ရမှတ် ၁၈ မှတ်ရရှိထားပြီး လာမည့် မတ်လ ၃၀ ရက်နေ့၊ တောင်ဒဂုံကွင်းတွင် ငွေကြယ်ပွင့်လေးများ အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်ပါတယ်။

Source & Photo Credit - Yangon United Football Club Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။