ခုတလော Mobile Legends မှာ Mythic ကလူတွေ Epic ကိုပြန်ကျလာလို့ စိတ်ညစ်နေရတဲ့အချိန်လဲဖြစ်သလို Rank တက်ဖိုအတွက် အသည်းအသန်းပြန်ကစားနေတဲ့သူတွေလဲ ရှိနေပါတယ်။ Epic ကနေ Legends တက်ဖို့လဲ ခတ်ခဲနေတယ်ဆိုတာ Rank ကစားနေတဲ့သူတွေသိကြမှာပါ။ အကြောင်းကတော့ Mythic ကသူတွေပြန်ဆင်းလာတာကြောင့်ပဲဖြစ်ပါတယ်။   

Party နဲ့ကစားရင် ပိုခတ်တယ်ဆိုတာကိုလဲ သိကြမယ်လို့ထင်ပါတယ်။ အဲ့အပြင် Rank တိုင်းလိုလိုမှာ Granger တစ်ယောက် Lightborn Skin ကြီးနဲ့ ပါပါလာတာကိုလဲ ၁၀ပွဲမှာ ၇ပွဲလောက်တွေ့ကြမယ်လို့ထင်ပါတယ်။ Lightborn Skin မပါရင်တောင် Granger ပါပါနေတာကို တွေ့ရှိနေရပါတယ်။ သူရဲ့ပစ်ချက်တွေကလဲ အရင်ကဆို Late Game မရပေမဲ့ ခုချိန်မှာတော့ Early Game ရော Late Game ပါDamage တော်တော်လေးပြင်းထန်နေပါတယ်။  

သူ့ကို Counter ထောက်ဖို့အတွက်ဆို အကောင်းဆုံးက Chou လို့ပြောရမှာပါပဲ။ Chou ရဲ့ Ulti တစ်ချက်ကိုင်လိုက်နိုင်ရင် Granger တစ်ယောက် သေဖို့သေချာပါတယ်။ အဲ့အပြင် တခြားသော Hero တွေဖြစ်တဲ့ Fanny တို့ Gusion တို့လဲ ထောက်နိုင်ပါတယ်။ Assassins Role တော်တေ်ာများများ Granger ကို Counter ထောက်နိုင်တာမို့ သူပါရင် ရှိန်နေစရာမလိုတော့ပါဘူး။ Hayabusa တို့လို မမိတဲ့ Hero တွေကို Granger တစ်ယောက် မရှင်းနိုင်ပါဘူး။  

သတင်းအရင်းမြစ် DevilKnight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။