တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ Covid-19 ရောဂါဟာ ယခုဆိုရင် နိုင်ငံတော်တော်များများမှာ ကူးဆက်ပြန့်ပွားနေပြီး လူဦးရေအများအပြား သေဆုံးလျက်ရှိတာကိုလည်း မြင်တွေ့နေရပါတယ်။ထို့ရောဂါ Covid-19 ကိုလည်း ကမ္ဘာ့ကျန်းမာရေး WHO ကနေ့ ကမ္ဘာ့ကပ်ရောဂါအဖြစ်ကြေညာထားတာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း Covid-19 ရောဂါကူးဆက်ပြန့်ပွားမှုမရှိအောင် လူစုလူဝေးဖြစ်မည့် ပွဲတော်များ ၊ ကစားပွဲများ အသီးသီးသော် ပွဲတော်များကို နိုင်ငံတော်သမ္မတရုံးကနေ မပြုလုပ်ကြရန် ထုတ်ပြန်ကြေညာထားခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook Page
Photo Credit - Myanmar National League Facebook Page

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တွေကိုလည်း ပရိသတ်မပါပဲ ကွင်းပိတ် ကျင်းပပြုလုပ်နေတာပြီး မတ် ၂၃ ရက်(ယနေ့) ညနေ လေးနာရီ၊ YUSC ကွင်းတွင် ယှဉ်ပြိုင်ကစားမည့် စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ချင်းယူနိုက် တက်အသင်းတို့ ပွဲစဉ်မတိုင်မီ နှစ်ဖက်အသင်း အုပ်ချုပ်၊ နည်းပြ ၊ ကစားသမားများနှင့် ပြိုင်ပွဲ တာဝန်ရှိသူများအားလုံးကို အဖျားတိုင်းကိရိယာဖြင့် စစ်ဆေးတိုင်းတာခဲ့ပါတယ်။ MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-10) နှင့် (Week-11)ပွဲစဉ်များကို ကွင်းပိတ်ကျင်းပလျက်ရှိပြီး ယခုကဲ့သို့ အဖျားတိုင်းတာခြင်းများကို ဘောလုံးပွဲစဉ် တိုင်း စစ်ဆေးပြုလုပ်သွားမည်ဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook Page
Photo Credit - Myanmar National League Facebook Page

Covid-19 ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်သည့် လမ်းညွှန်မှုများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ထားရှိမှုအတိုင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်မှ လိုက်နာဆောင်ရွက်လျက်ရှိတာကိုလည်းတွေ့ရပါတယ်။ အခြားပွဲစဉ်များကို ထို့နည်းအတူ ကျန်းမာရေး စောင့်ရှောက်မှုများကို ပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း Covid-19 ရောဂါ မဖြစ်ပွားစေဖိုးအတွက် ကျန်းမာရေးကို အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ 

Photo Credit - Myanmar National League Facebook Page
Photo Credit - Myanmar National League Facebook Page

Source & Photo Credit - Myanmar National League Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။