Myanmarload ပရိသတ်ကြီးထဲမှာ အလှဓာတ်ပုံတွေကို စိတ်ကူးပုံဖော်ရတာ ဝါသနာပါတဲ့သူတွေရှိကြမှာပါနော်။ အဲ့လိုပရိသတ်တွေအတွက် inspiration ယူလို့ရအောင် အိုင်ဒီအလန်းတွေနဲ့ စိတ်ကူးပုံဖော်ထားတဲ့ ကမ္ဘာတစ်ဝှမ်းက အလှပုံရိပ်တွေကို ပြန်လည်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ ပုံရိပ်လေးတွေကို ကြည့်ရှုခံစားကြပြီးတဲ့အခါမှာ စိတ်ရွှင်လန်းမှုကို ရရှိစေမှာဖြစ်သလို ကိုယ်ပိုင် စိတ်ကူးစိတ်သန်းဖြင့် ဒီထက်ကောင်းမွန်တဲ့ အလှပုံရိပ်တွေကိုလည်း creation လုပ်နိုင်ကြမယ်လို့ ယုံကြည်စွာဖြင့် ဖော်ပြပေးလိုက်ပါတယ်။

photo credit Bright Side

ပထမဦးဆုံး မြင်တွေ့ရမယ့် ပုံရိပ်လေးကတော့ အမျိုးသီးတစ်ယောက်ကို သမုဒ္ဒရာ ပင်လယ်ပြင်အောက်ထဲက ရေသူမလေးတစ်ယောက်အဖြစ် ပုံဖော်ဖန်တီးထားတာပါ။ ပင်လယ်ကမ်းခြေသွားတွေ၊ ကျွန်းတွေ သွားရောက်လည်ပတ်တဲ့အခါမှာ ဒီလိုမျိုး မခြားမနားပုံစံလေးကို ရိုက်ကူးပုံဖော်လို့ရပါတယ်။ အဲ့ဒီပုံရဲ့ ထူးခြာချက်လေးကိုပြောရမယ်ဆိုရင် ရေသူမလေးကိုပဲ ဂျယ်လီ ငါးမျိုးနွယ် ပုံစံလေးနဲ့ ရောစပ် ဖန်တီးထားတာပါ။ သင့်အနေနဲ့ အခြား လှပသော အဏ္ဏဝါ သတ္တဝါပုံစံလေးတွေနဲ့ အစားထိုးဖန်တီးလို့ရပါတယ်နော်။

photo credit Bright Side

နောက်ထပ် မြင်တွေ့ရမယ့် ပုံရိပ်လေးကတော့ မင်္ဂလာဆောင် သတို့သမီးတို့ကို ဓာတ်ပုံရိုက်ကူးပေးဖို့ အကြံဉာဏ်ကောင်းတွေ ပေးနေသလိုပါပဲနော်။ အဲ့ပုံလေးကို ကြည့်ပြီးတဲ့အခါမှာ pre-wedding မှာပဲဖြစ်ဖြစ် သတို့သမီး တစ်ကိုယ်တော် အမှတ်တရအနေနဲ့ ရိုက်ကူး ပုံဖော်ပေးလို့ရပါတယ်။ ပုံရိပ်ရဲ့ ထူးခြားချက်ကတော့ အဖြူရောင် ဂါဝန်အရှည်ကြီးက တောင်ကြီးတစ်လုံးရဲ့ ရေတံခွန်လိုမျိုး စီးဆင်းနေစေတာပါ...၊ တစ်ကယ့်ကို idea ကောင်းတယ်လို့ ချီးကျူးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လှပဆန်းသစ်သော ပုံရိပ်လေးတွေ ဖြစ်တဲ့ သဲကန္တာရ ဦးထုပ်၊ မီးတောင်သဖွယ် ထီးကြီး၊ လွှတ်တင်နေသော မီးပုံးပျံ နေလုံး၊ ဖယောင်းတိုင် ရဲတိုက်၊ ဆင်နှာမောင်း သစ်ပင်တို့ကို ကြည့်ရှုခံစားပြီးတဲ့အခါမှာ ဓာတ်ပုံကောင်းတွေဖန်တီးဖို့ idea အလန်းတွေ ထွက်လာမယ်လို့ ယုံကြည်ပါတယ်နော်။ 

photo credit Bright Side  

reference by Bright Side 

photo credit Bright Side
photo credit Bright Side
photo credit Bright Side
photo credit Bright Side
photo credit Bright Side

မည်သည့်တစ်စုံတစ်ဦးကိုမျှ ထိခိုက်စေလိုခြင်းမရှိဘဲ အများအကျိုးစီးပွားရေးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။