ပရိသတ်ကြီးရေ MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ တွေကိုကျင်းပပြုလုပ်တာဟာ ယခုဆိုရင် ပွဲစဉ် (၁၀) ကိုရောက်ရှိလို့လာပြီလည်းဖြစ်ပါတယ်။ ပွဲစဉ်များမှာတော့ အသင်းတိုင်းက ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းပိုင်းတွေနဲ့ ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ကစားသွားကြတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ပရိသတ်တွေအတွက် ပွဲစဉ်ကောင်းတစ်ပွဲဖြစ်ခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် ဟံသာဝတီယူနိုက်တက်အသင်း နှင့် ဇွဲကပင်ယူနိုက်တက်အသင်း တို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

Photo Credit - Myanmar National League Facebook Page
Photo Credit - Myanmar National League Facebook Page

ဟံသာဝတီယူနိုက်တက်အသင်းအနေနဲ့ ပွဲစဉ် (၁၀) မှာ ဇွဲကပင်ယူနိုက်တက်အသင်းကို ဂိုးပြတ်အနိုင်ကစားပြီး ရာသီဝက်ချန်ပီယံဆုအတွက် ရှေ့ တစ်လှမ်းတိုးလိုက်တာ တွေ့ရပါတယ်။ယင်းပွဲစဉ်ကို သုဝဏ္ဏဘောလုံးကွင်းကြီးထဲတွင် ယှဉ်ပြိုင်ကစားခဲ့ပြီး ဒီပွဲစဉ်မှာ ဟံသာဝတီယူနိုက်တက်အသင်းက ဇွဲကပင်ယူနိုက်တက်အသင်းကို လေးဂိုး၊နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook Page
Photo Credit - Myanmar National League Facebook Page

ယခုပွဲအနိုင်ရလဒ်ကြောင့် ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ဧရာဝတီယူနိုက်တက်အသင်းနဲ့ ရခိုင်ယူနိုက်တက်အသင်းတို့ ပွဲစဉ်မတိုင်မီ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြုအသင်းက စုစုပေါင်း ရမှတ် ၂၇ မှတ်နဲ့အတူအမှတ်ပေးဇယားကို လေးမှတ်အသာနဲ့ ဦးဆောင်ခွင့် ရရှိသွားခဲ့တာပါ။ဟံသာဝတီယူနိုက်တက်အသင်း အနေနဲ့ ရာသီဝက်နောက်ဆုံးပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရင်ဆိုင်ကစားရမှာဖြစ်ပြီး ဇွဲကပင်ယူနိုက်တက်အသင်းက ချင်းယူနိုက်တက်အသင်းနှင့် တွေ့ဆုံရမှာဖြစ်ပါတယ်။

Source & Photo Credit - Myanmar National League Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။