ရန်ကုန်ယူနိုက်တက်အသင်း နောက်ခံလူ သူရိန်စိုး က မကွေးအသင်းနှင့်ပွဲစဉ်အတွက် သေချာပြင်ဆင်ပြီး ယှဉ်ပြိုင်သွားမည် ဟု ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်းဟာ မနက်ဖြန် ညနေ ၄း၀၀ နာရီ၊ ရန်ကုန်ယူနိုက်တက်အိမ်ကွင်းတွင် မကွေးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပါတယ်။

photo credit : Yangon United Football Club 's facebook page
photo credit : Yangon United Football Club 's facebook page

သူရိန်စိုး က “အသင်းကို နားရက်ပေးပြီး ပြန်ဆင်းတဲ့အချိန်ကစလို့ လာမယ့်ပွဲတွေအတွက် အကောင်းဆုံးပြင်ဆင်နေကြပါတယ်။ မကွေးအသင်းကလည်း အသင်းကောင်းတစ်သင်းဖြစ်တဲ့အတွက် သေချာအာရုံစိုက်ပြီးကစားသွားပါမယ် အသင်းတိုင်းက ရန်ကုန်အသင်းနဲ့တွေ့ရင် ပိုပြီးအားထည့်ကစားကြတာကို တွေ့ရပါတယ်။ ကျွန်တော်တို့အသင်းက ချန်ပီယံဖြစ်ရေးအတွက် ဦးတည်ပြီးယှဉ်ပြိုင်ကစားနေတဲ့အတွက် တစ်ပွဲချင်းစီကို သေချာပြင်ဆင်ပါတယ်။ မကွေးအသင်းကလည်း ပြည်တွင်းကစားသမားတွေနဲ့ ဖွဲ့ထားတဲ့အသင်းကောင်းဖြစ်တဲ့အတွက် လျော့တွက်လို့မရပါဘူး။ ဒါကြောင့် သေချာပြင်ဆင်ယှဉ်ပြိုင်သွားပါမယ်။” ဟုပြောထားခဲ့ပါတယ်။

photo credit : Yangon United Football Club 's facebook page
photo credit : Yangon United Football Club 's facebook page

ရန်ကုန်ယူနိုက်တက်အသင်းနှင့် မကွေးအသင်းတို့၏ ၂၀၁၉ ခုနှစ်တွေ့ဆုံမှုတွင် ရန်ကုန်အသင်းက နှစ်ကျော့စလုံး အနိုင်ရရှိထားခဲ့ပါတယ် ။ရန်ကုန်ယူနိုက်တက်အသင်းဟာ ၉ ပွဲယှဉ်ပြိုင်ကစားထားပြီး ၆ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံး၊ ရမှတ် ၂၀ မှတ်နှင့် အဆင့် ၃ နေရာတွင် ရပ်တည်လျက်ရှိပြီး မကွေးအသင်းသည် ၉ ပွဲကစား၊ ၁ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၄ ပွဲရှုံး၊ ရမှတ် ၇ မှတ်ဖြင့် အဆင့် ၈ နေရာတွင် ရပ်တည်နေပါတယ် ။

source: Yangon United Football Club 's facebook page 

photo credit : Yangon United Football Club 's facebook page
photo credit : Yangon United Football Club 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။