ရောဂါကူးစက် ဖြစ်ပွားမှု မရှိစေရန်အတွက်  သုဝဏ္ဏကွင်း၌ ကွင်းပိတ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားမည့် MPT Myanmar National League 2020 ပွဲစဉ် (၁၀) ဟံသာဝတီယူနိုက်တက်-ဇွဲကပင်ယူနိုက်တက် ပွဲစဉ်မတိုင်မီ သုဝဏ္ဏကွင်းသို့ ရောက်ရှိလာသည့် နှစ်ဖက်အသင်းမှ ကစားသမားများ၊ အသင်းတာဝန်ရှိသူများ၊ ပြိုင်ပွဲတာဝန်ကျဝန်ထမ်းများ၊ ပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်မည့် ဒိုင်အဖွဲ့များ၊ ကွင်းရုံဝန်ထမ်းများနှင့် ရုပ်သံရိုက်ကူးရေးအဖွဲ့တို့အား ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း၊ လက်ဆေးကြောခြင်း စသည့်တို့ကို ပြုလုပ်စေပြီးမှ ကွင်းအတွင်းသို့ ဝင်ရောက်ခွင့်ပြုခြင်းဖြစ်ပါတယ် ။

photo credit : Myanmar National League 's facebook page
photo credit : Myanmar National League 's facebook page

ထို့ပြင် ယှဉ်ပြိုင်ကစားသည့် စီနီယာပွဲစဉ်များ၊ လူငယ်ပွဲစဉ်များတွင် အလားတူ ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပါသည်။Covid-19 ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်သည့် လမ်းညွှန်မှုများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ထားရှိမှုအတိုင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်မှ လိုက်နာဆောင်ရွက်လျက်ရှိပါတယ် ။

photo credit : Myanmar National League 's facebook page
photo credit : Myanmar National League 's facebook page

MPT Myanmar National League 2020 ပွဲစဉ်အဖြစ် သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ဟံသာဝတီယူနိုက်တက်အသင်းက ဇွဲကပင်ယူနိုက်တက်အသင်းကို လေးဂိုး၊နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဟံသာဝတီယူနိုက်တက်အသင်း အနေနဲ့ ရာသီဝက်နောက်ဆုံးပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရင်ဆိုင်ကစားရမှာဖြစ်ပြီး ဇွဲကပင်ယူနိုက်တက်အသင်းက ချင်းယူနိုက်တက်အသင်းနှင့် တွေ့ဆုံရမှာဖြစ်ပါတယ်။

source: Myanmar National League 's facebook page

photo credit : Myanmar National League 's facebook page
photo credit : Myanmar National League 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။