ပန်းပု လက်မှု အနုပညာဟာ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ လူမျိုးအသီးသီးမှာ ယဉ်ကျေးမှု အမွေအနှစ် တစ်ရပ်အဖြစ် တည်ရှိနေသဖြင့် နိုင်ငံတိုင်းနီးပါးတွင် ပန်းပုရုပ်ထုများကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ပန်းပု ထုလုပ်သူရဲ့ လက်ရာ၊ ထုလုပ်တဲ့ ပစ္စည်း၊ အရွယ်ပမာဏနှင့် ပုံသဏ္ဍာန်ပေါ် မူတည်လျက် ပန်းပုရုပ်များဟာ မရေမတွက် နိုင်လောက်အောင် တည်ရှိခဲ့ပြီး ယနေ့ထိတိုင် နေ့စဉ်ပေါ်ထွက်နေတာ ဖြစ်ပါတယ်။

photo credit pngtree

ပန်းပုထုလုပ်တဲ့ အနုပညာဟာ အရွယ်အစားကြီးလေ၊ ခက်ခဲလေဖြစ်သော်လည်း ပန်းပုပညာရှင်များရဲ့ မြင့်မားသော စွမ်းဆောင်ရည်များကြောင့် ကမ္ဘာကျော် ရုပ်ထုများကို နိုင်ငံအသီးသီး၌ မြင်တွေ့နိုင်ကြမှာဖြစ်ပါတယ်။ ကမ္ဘာပေါ်တွင် အကြီးဆုံး သစ်သားရုပ်ထုဟု သတ်မှတ်ထားတဲ့ ပန်းပုလက်ရာကို တရုတ်အနုပညာရှင် Zheng Chunhui က ထုလုပ်ခဲ့ရာ ပေ ၄၀ မျှ ရှည်လျားပြီး မျက်မှောက်ခေတ် အကောင်းဆုံး လက်ရာဟု ဆိုကြပါတယ်။

photo credit pngtree

၂၀၁၃ ခုနှစ်တွင် ထိုရုပ်ထုကို ဖွင့်လှစ်ခဲ့ရာ ဂင်းနစ်စ် ကမ္ဘာ့မှတ်တမ်းစာအုပ်တွင် တစ်ဆက်တည်း အရှည်လျားဆုံး ထုထားတဲ့ သစ်သားပန်းပုရုပ်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ ထိုပန်းပုရုပ်ကို သစ်ပင်ကြီးတစ်ပင်ရဲ့ ပင်စည် တစ်ခုတည်းကို ထွင်းထုထားတာ ဖြစ်ပါတယ်။ သစ်ပင် အရွယ်အစားကြီးမားပြီး ရှုပ်ထွေးတဲ့ အနုစိတ်ထုလုပ်ရမှုများကြောင့် ပန်းပုပညာရှင် "Zheng Chunhui"ဟာ အဆိုပါ ရုပ်ထုကို လေးနှစ်ကြာ ထုဆစ်ခဲ့ရတာပါ။ ထိုသစ်သားပန်းပုရုပ်ထုတွင် အဆောက်အအုံများ၊ သစ်ပင်များ၊ တောင်များ၊ မြစ်များ၊ လှေများ၊ တံတားများ၊ မိုးတိမ်များနှင့် လူ ရုပ် ၅၅၀ ပါရှိတာ ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။