ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ (၂၃.၃.၂၀၂၀) ရက်နေ့ ည ၁၁း၄၅ နာရီ ထုတ်ပြန်ချက် အရ ချင်းပြည်နယ် တီးတိန်ပြည်သူ့ ဆေးရုံနှင့် ရန်ကုန်မြို့ ဝေဘာဂီ ဆေးရုံတို့၌ စောင့်ကြပ်ကြည့်ရှုခြင်း ခံထားရသော လူနာနှစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း သိရှိရပါတယ်။

photo credit : MNL 's facbook page
photo credit : MNL 's facbook page

သို့ဖြစ်ရာ ရောဂါပြန့်ပွား ကူးစက်ခြင်းမှ ကာကွယ်နိုင်ရန် အတွက် အသင်းအားလုံးနှင့် ညှိနှိုင်းကာ ကွင်းပိတ်ကျင်းပလျှက်ရှိသော မြန်မာနေရှင်နယ်လိဂ်မှ ကြီးမှူးကျင်းပနေသည့် ဘောလုံးပြိုင်ပွဲများ အားလုံးကို မတ်လ (၂၄) ရက် ယနေ့မှ စတင်ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်တယ်။

photo credit : MNL 's facbook page

ပွဲစဉ်များ ပြန်လည်ကျင်းပမည့် ရက်နှင့် အစီအစဉ်များကို အသေးစိတ် ပြန်လည်၍ ကြိုတင် ထုတ်ပြန်ပေးသွားမည် ဖြစ်ပါတယ်။Covid-19 ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်သည့် လမ်းညွှန်မှုများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ထားရှိမှုအတိုင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်မှ လိုက်နာဆောင်ရွက်လျက်ရှိပါတယ်။

source: MNL 's facbook page 

photo credit : MNL 's facbook page
photo credit : MNL 's facbook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။