JB လို့ ချစ်စနိုးခေါ်ကြတဲ့ Justin Bieber ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်ကျော်ကြားသူတစ်ဦးပါ ။

သူ့ရဲ့ အမည်အရင်းကတော့ Justin Drew Bieber လို့ခေါ်ပါတယ် ။ March 1, 1994 မှာမွေးဖွားသူပါ ။

2008 ခုနှစ်ကစပြီး အနုပညာအလုပ်တွေကိုစလုပ်ခဲ့ပါတယ် ။ 

JB ရဲ့ မိသားစုဘဝမှာဆိုရင် သူရဲ့မိဘနှစ်ပါးဖြစ်တဲ့ Jeremy Jack Bieber နဲ့ Patricia Mallette တို့ဟာ လက်မထပ်ဘဲ JB ကိုကိုယ်ဝန်ဆောင်ခဲ့တာပါ ။ JB ရဲ့ မိခင်ဟာ JB ကိုသူ့ရဲ့အဘွားဖြစ်တဲ့ Diane နဲ့ ပထွေးဖြစ်သူ Bruce တို့အကူအညီနဲ့ ပြုစုပျိုးထောင်ခဲ့တာပဲဖြစ်ပါတယ် ။ JB ဟာငယ်ဘဝမှာဆင်းရဲခဲ့ပါတယ် ။ တစ်ခုလပ်မိခင်ရဲ့ လစာနည်းနည်းလေးကိုမှီခိုပြီးနေခဲ့ရတာပါ ။ သူ့မိခင်ရဲ့ စိတ်ဓါတ်ခိုင်မာမှုကနေ ကမ္ဘာကျော်အနုပညာရှင်တစ်ယောက်မွေးဖွားလာခဲ့တာပါ ။

JB ဟာ စန္ဒယား, ဒရမ်, ဂစ်တာ နဲ့ trumpet စတဲ့ ဂီတတူရိယာတွေကိုတီးတတ်အောင် သင်ယူခဲ့ပါတယ် ။ ဘဝရဲ့ အကြီးမားဆုံးအချိုးအကွေ့အဖြစ် မိခင်ဖြစ်သူက ဂီတကိုဝါသနာပါတဲ့သားလေး သီချင်းဆိုတဲ့ Video လေးကို သူငယ်ချင်းမိတ်ဆွေတွေကိုပြချင်လို့ Youtube တင်လိုက်ရာကနေ JB ဆိုတဲ့ နှုတ်ခမ်းနီမလေးတွေ အသဲစွဲ ဒိတ်ဒိတ်ကြဲလူငယ်လေးတစ်ယောက်အဖြစ်ကို တမုဟုတ်ချင်းပြောင်းလဲသွားပါတော့တယ် ... ။ 

JB မှာ Jazmyn နဲ့ Jaxon ဆိုတဲ့ အမေတူ အဖေကွဲ ညီမလေးတစ်ယောက်နဲ့ ညီလေးတစ်ယောက် ရှိပါတယ် ။ JB ဟာ သူ့မောင်နဲ့ ညီမလေးကို သိပ်ချစ်သူပါ ။ ယခင်ကတွဲခဲ့ဖူးတဲ့ ဆယ်လီနာနဲ့ ချိန်းတွေ့ရာမှာတောင် သူ့ညီလေးနဲ့ညီမလေးကိုခေါ်သွားလေ့ရှိပါတယ် ။ ဆယ်လီနာနဲ့အတူတူကလေးထိန်းကြပုံတွေကိုမြင်ရတာ ... ယခင်ကအတိတ်ကိုလွမ်းမောစရာပါပဲ ။ စိတ်သဘောထားချင်းမတိုက်ဆိုင််လို့ပြတ်စဲပြီးတဲ့နောက်မှာချစ်သူအတည်တကျမရှိသေးဘဲ တွဲလိုက်ပြတ်လိုက်နဲ့ သံသရာလည်နေတော့တာပါ ။ 

belieber လို့ခေါ်တဲ့ JB ရဲ့ ပရိတ်သတ်တော်တော်များများကတော့ ဆယ်လီနာဂိုးမက်နဲ့ပဲချစ်သူတွေ ပြန်ဖြစ်စေချင်ပေမယ့် ဆယ်လီနာကလဲ အချစ်သစ်ရှာဖွေတွေ့ရှိသွားပါပြီ ။ လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် JB မှာလဲဆိုးတဲ့ အပိုင်းတွေ တော်တော်များများရှိပါတယ် ။ သို့ပေမယ့် ဒီလိုအရွယ်မှာ ဒီလောက်အောင်မြင်မှုရရှိနေတဲ့အတွက် အရည်အချင်းရှိသူတစ်ယောက်ဖြစ်တယ်ဆိုတာတော့ ဘယ်သူမှမငြင်းနိုင်ကြပါဘူး ။ ပရိတ်သတ်တွေကလဲ ဆက်လက်ပြီးအားပေးနေကြဦးမှာပဲဖြစ်ပါတယ် ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။