ချန်‌ပီယံ‌ပြေးလမ်‌း‌ပေါ်ကပြိုင်‌ဘက်‌(၃)သင်‌း


ဥ‌ရောပ‌ဘောလုံးပြိုင်‌ပွဲ‌တွေပြီးဆုံးသွားခဲ့‌ပေမယ်‌့မြန်‌မာတို့ရဲ့MNLက‌တော့ဆက်‌လက်‌ချီတက်‌‌နေဆဲပါ။ပြီးခဲ့တဲ့အပါတ်‌ကရန်‌ကုန်‌အသင်‌းရဲ့ရှုံးနိမ်‌့မှု‌ကြောင်‌့MNLသရဖူလုပွဲဟာပိုပြီးအသက်‌ဝင်‌လာခဲ့ပါတယ်‌။လက်‌ရှိအမှတ်‌‌ပေးဇယားကိုရန်‌ကုန်‌အသင်‌းကဦး‌ဆောင်‌ထား‌ပေမယ်‌့ဒုတိယ‌နေရာကရှမ်‌းယူနိုက်‌တက်‌နဲ့တစ်‌မှတ်‌ကွာအ‌နေအထား၊တတိယ‌နေရာကရတနာပုံအသင်‌းနဲ့နှစ်‌မှတ်‌ကွာအ‌နေအထားတို့ဟာရာသီကုန်‌မှာဘယ်‌အသင်‌းချန်‌ပီယံဖြစ်‌သွားမလဲဆိုတာတထစ်‌ချ‌ပြောလို့မရတဲ့အ‌ခြေအ‌နေပါ။ရတနာပုံဆီကချန်‌ပီယံဆုကိုပြန်‌လုဖို့ကြိုးစား‌နေတဲ့ရန်‌ကုန်‌အသင်‌းဟာ‌လော‌လောဆယ်‌မှာတိုက်‌စစ်‌ပြဿနာကြုံ‌တွေ့‌နေရပါတယ်‌။MNLပထမရာသီဝက်‌ရဲ့ဂိုးသွင်‌းဘုရင်‌အီမီကာကိုဒဏ်‌ရာပြဿနာ‌ကြောင်‌့စာချုပ်‌ဖျက်‌သိမ်‌းခဲ့ပြီးတိုက်‌စစ်‌မှူး‌ဟောင်‌းဆီဇာကိုပြန်‌လည်‌‌ခေါ်ယူထား‌ပေမယ်‌့ဆီဇာဟာအခုအချိန်‌ထိအသင်‌းအတွက်‌ဂိုးမရ‌သေးပါဘူး။တိုက်‌စစ်‌ပြဿနာ‌တွေနဲ့ရန်‌ကုန်‌အသင်‌းရဲ့အမှားကို‌စောင်‌့ကစား‌နေတာက MNLရဲ့ပထမဆုံးချန်‌ပီယံဖလားကိုရယူချင်‌‌နေတဲ့ရှမ်‌းယူနို်‌က်‌တက်‌ပါ။အသင်‌းက‌ခေါ်ယူထားတဲ့နိုင်‌ငံခြားသား၄‌ယောက်‌စလုံး‌ခြေစွမ်‌းပြ‌နေပြီးတိုက်‌စစ်‌မှူးခရစ္စတိုဖာဟာဂိုးသွင်‌းအများဆုံးစာရင်‌းမှာဥးီ‌ဆောင်‌‌နေပါတယ်‌။လက်‌ရှိချန်‌ပီယံရတနာပုံက‌တော့ ပထမရာသီဝက်‌မှာ‌ခြေပျက်‌ခဲ့‌ပေမယ်‌့‌နောက်‌ပိုင်‌းပွဲစဉ်‌‌တွေမှာ‌ပုံမှန်‌‌ခြေစွမ်‌းပြန်‌်‌ရလာပြီးအသစ်‌‌ခေါ်ယူထားတဲ့ ဂါနာနိုင်‌ငံသားပက်‌ထရစ်‌ကလည်‌း‌ခြေစွမ်‌းပြသ‌နေလျှက်‌ရှိပါတယ်‌။

ဒါ‌ကြောင်‌့MNLရဲ့ချန်‌ပီယံဘယ်‌သူဖြစ်‌မလဲ‌ပြောဖို့‌စောပါ‌သေးတယ်‌။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။