photo credit - Min-Liang Tang Facebook page

Gaming ပစ္စည်းတွေ တွေထုတ်လုပ်တဲ့ ကုမ္ပကြီးတစ်ခုဖြစ်တဲ့ Razer ကတော့ လက်ရှိအချိန်မှာ COVID-19 တိုက်ဖျက်ရေးအတွက် လိုအပ်တဲ့ surgical mask တွေကို ထုတ်လုပ်လှူဒါန်းသွားတော့မယ်လို့သိရပါတယ်။

Razor ရဲ့ ဥက္ကဌဖြစ်သူ Min-Liang Tang အနေနဲ့လည်း သူရဲ့ ဖေ့ဘွတ်အကောင့်ကနေ “Razer အနေနဲ့ လက်ရှိထုတ်လုပ်နေတဲ့ ဂိမ်းပစ္စည်းတွေနဲ့ရဲ့နေရာမှာ surgical mask တွေကို ပြောင်းလဲထုတ်လုပ်ပီး Corona Virus ကာကွယ်ရေးအတွက် လှူဒါန်းမှုတွေပြုလုပ်သွားမှာပါ။

လက်ရှိအချိန်မှာဆိုရင်လည်း Razer ကုမ္ပဏီရဲ့ ဒီဇိုင်နာတွေနဲ့ အင်ဂျင်နီယာတွေဟာ mask တွေပြောင်းလဲထုတ်လုပ်ဖို့ အစွမ်းကုန်ကျိုးစားနေကြပါတယ်။ သူတို့အနေနဲ့ စုစုပေါင်း mask အရေအတွက် ၁ သန်းလောက်ထိ ထုတ်လုပ်လှူဒါန်းဖို့ ရည်ရွယ်ထားပြီး Razer ရဲ့ Sea ဌာနချုပ်တည်ရှိရာ စင်ကာပူနိုင်ငံကို အရင်ဆုံး လှူဒါန်းမှုတွေပြုလုပ်သွားမှာဖြစ်သလို အခြားနိုင်ငံတွေကိုလည်း လှူဒါန်းသွားဖို့ အစီအစဉ်တွေရှိတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ရောဂါကူးစက်မှုကို ရှောင်ရှားဖို့အတွက် လူအများစုဟာ အိမ်မှာပဲနေရင်း ဂိမ်းဆော့ဖို့အတွက် ဂိမ်းပစ္စည်းတွေ အရမ်းရောင်းကောင်းနေပေမယ့် Razor အနေနဲ့ COVID-19 ရောဂါတိုက်ဖျက်ရေးမှာ တဖက်တလမ်းကနေ ပါဝင်ကူညီချင်တဲ့အတွက် ဂိမ်းပစ္စည်းထုတ်လုပ်မှုအချို့ကို ရပ်ဆိုင်းပြီး surgical mask တွေပြောင်းလဲ ထုတ်လုပ်ကာ ကူညီဖို့ ကျိုးစားနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

ယခုလို Razer ကုမ္ပဏီရဲ့ကျိုးစားမှုဟာ Gaming လောကအတွက်လည်း ဂုဏ်ယူစရာ ကိစ္စရပ်တစ်ခုဖြစ်သလို အားလုံးလည်း သိသင့်သိထိုက်တဲ့ ကိစ္စရပ်တစ်ခုဖြစ်တာကြောင့် ဖော်ပြပေးလိုက်ရပါတယ်။

source - Min-Liang Tang facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။