လက်ရှိ ဖြစ်ပွားနေတဲ့ COVID-19 ရောဂါ ဟာယခုဆိုရင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကူးဆက်ပြန့်ပွားနေပြီး ကမ္ဘာ့ကျန်းမာရေး WHO ကနေ ကပ်ရောဂါအဖြစ်ကြေညာထားဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ (၂၃.၃.၂၀၂၀) ရက်နေ့ ည ၁၁း၄၅ နာရီ ထုတ်ပြန်ချက် အရ ချင်းပြည်နယ် တီးတိန်ပြည်သူ့ ဆေးရုံနှင့် ရန်ကုန်မြို့ ဝေဘာဂီ ဆေးရုံတို့၌ စောင့်ကြပ်ကြည့်ရှုခြင်း ခံထားရသော လူနာနှစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း သိရှိရပါတယ်။

Photo Credit - Myanmar National League Facebook Page

MPT မြန်မာနေရှင်နယ်လိဂ် ၂၀၂၀ အမှတ်ပေးဘောလုံးပြိုင်ပွဲတွေကို COVID-19 ရောဂါ ကြောင့် ပရိသတ်တွေမပါပဲ ကွင်းပိတ်ကျင်းပပြုလုပ်ခဲ့ပြီးသို့ဖြစ်ရာ ရောဂါပြန့်ပွား ကူးစက်ခြင်းမှ ကာကွယ်နိုင်ရန် အတွက် အသင်းအားလုံးနှင့် ညှိနှိုင်းကာ ကွင်းပိတ်ကျင်းပလျှက်ရှိသော မြန်မာနေရှင်နယ်လိဂ်မှ ကြီးမှူးကျင်းပနေသည့် ဘောလုံးပြိုင်ပွဲများ အားလုံးကို မတ်လ (၂၄) ရက် ယနေ့မှ စတင်ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook Page

ပွဲစဉ်များ ပြန်လည်ကျင်းပမည့် ရက်နှင့် အစီအစဉ်များကို အသေးစိတ် ပြန်လည်၍ ကြိုတင် ထုတ်ပြန်ပေးသွားမည် ဖြစ်ပါတယ်။ ချစ်တဲ့ ပရိသတ်ကြီးကလည်း COVID-19 ရောဂါကူးဆက်မှုမရှိစေရန် တာဝန်ရှိသူများ ၏ နေ့စဉ် ညွန်ကြားချက်ကို လိုက်နာကြရန် နှင့် ကျန်းမာရေးကို အထူးဂရုစိုက်ပြီး မိမိတို့ရဲ့ နေအိမ်အတွင်း အပြင်မထွက်ပဲလိုအပ်ပါတယ်။ ပရိသတ်ကြီးရေ ကမ္ဘာသူ ၊ ကမ္ဘာသားများ ကပ်ရောဂါဆိုးကြီးကနေ လွတ်ကင်းနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပေးပို့ကြပါဦး။

Source & Photo Credit - Myanmar National League Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။