ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်ရှိ အန္တရာယ်အကြီးမားဆုံး လေယာဉ်ကွင်းများ သို့မဟုတ် လေယာဉ် ပြေးလမ်းများထဲမှ တစ်ခုအပါအဝင်ဖြစ်တဲ့ "Juancho E. Yrausquin" ပြေးလမ်းကြီးအကြောင်းကို ဗဟုသုတဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာရှင်လှုပ်ရှားမှုသတင်း၊ ပြည်တွင်း ပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ သတိမမေ့ပါနဲ့ဦးနော်။

photo credit pngtree

ကာရေ ဘီယံပင်လယ်ရဲ့ အံ့သြဖွယ် ကောင်းအောင်လှပတဲ့ ကျွန်းတစ်ခုဖြစ်သော ဆာဘာ (Saba Island) လေယာဉ်ကွင်းပြေးလမ်းဟာ လေယာဉ်တင် သင်္ဘောအများစုပေါ်ရှိ လေယာဉ်ပြေးလမ်းများထက် အနည်းငယ် ရှည်လျားကာ ပေ ၁၃၀၀ သာရှိသဖြင့် ဘေးအန္တရာယ်များ ကျရောက်နိုင်မှု များပြားတဲ့ ကွင်းဖြစ်ပါတယ်။ ဆာဘာရဲ့ တိုတောင်းသော လေယာဉ်ပြေးလမ်းကို မြင့်မားသော တောင်ကမ်းပါးယံများက ဝန်းရံ နေသဖြင့် လေယာဉ်များဟာ အတက်အဆင်း ပြုလုပ်နေစဉ်အတွင်းမှာ မတ်စောက်သော တောင်စောင်းလမ်းအတိုင်း သမုဒ္ဒရာအတွင်းသို့ ဆင်းသွားနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။ ထို့ကြောင့် ဆာဘာကျွန်း လေယာဉ်ကွင်းဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး လေယာဉ်ကွင်းများအနက် တစ်ခုဖြစ်လာခဲ့ပါတယ်။

photo credit pngtree

ဆာဘာလေယာဉ်ကွင်းမှ လေယာဉ်ပျံတက်စဉ် လေယာဉ်မှူးများရဲ့ ချင့်ချိန်မှု မမှန်ကန်ခဲ့ပါက လေယာဉ်ဟာ အသူရာ ချောက်အတွင်းကျရောက်သွားမှာဖြစ်ပါတယ်။ ထို့ကြောင့် ကြီးမားသော လေယာဉ်များဟာ ဆာဘာကွင်းကို ရှောင်လေ့ရှိကြပါတယ်။ "Cessna" ကဲ့သို့သော အလွန်သေးငယ်တဲ့ လေယာဉ်များကပင် ဆာဘာသို့ ဆင်းသက်ရာတွင် အထူးသဖြင့် ရာသီဥတုဆိုးရွားနေချိန်များမှာ အခက်အခဲများနှင့် ရင်ဆိုင်ကြရတာ ဖြစ်ပါတယ်။

soruce မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။