ပရိသတ်ကြီးရေ မင်းသမီးချောလေး အေးမြတ်သူကတော့ အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုတိုင်ရပ်တည်နေခဲပြီး ပရိသတ်အချစ်တွေကို အပြည့်အဝရယူထားနိုင်တဲ့ သူလေးဆိုရင်လည်းမမှားနိုင်ပါဘူးနော်။ အချိုးအစားပြေပြစ်လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းတွေကြောင့် မြန်မာဝတ်စုံလေးတွေဝတ်ရင်လည်း လိုက်ဖက်လှပသလို ခေတ်ဆန်ဆန်အဝတ်အစားတွေနဲ့လည်း ကြည့်ကောင်းနေတာကြောင့် ပုရိသယောကျာ်းလေးပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကို အပြည့်အဝရရှိထားတဲ့သူလည်းဖြစ်ပါတယ်။

Photo Credit - Aye Myat Thu 's Fb account
Photo Credit - Aye Myat Thu 's Fb account

အခုလက်ရှိမှာသူမက အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ဆက်တိုက်ရိုက်ကူးနေရသူပဲဖြစ်ပါတယ်။ မကြာသေးမီက တရုတ်နိုင်ငံက စတင်ဖြစ်ပွားလာတဲ့ ကိုရိုနာဗိုင်းရပ်ကို မြန်မာပြည်သူပြည်သားတွေ စိုးရိမ်နေကြတာပဲဖြစ်ပါတယ်။ အခုလို ရောဂါဆိုးကြီးမှ ကာကွယ်နိုင်ရန် သရုပ်ဆောင် မင်းသမီးချောလေး အေးမြတ်သူက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားမျှဝေထားတာပဲဖြစ်ပါတယ်။

Photo Credit - Aye Myat Thu 's Fb account

" Stay at Home တတ်နိုင်သမျှအိမ်မှာနေပါ။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်တာတွေကို လေ့လာကြပါ။ အားရှိအောင် စားပါ အိပ်ပါ။ မိမိအိမ်မှာ နေပြီး မိမိပတ်ဝန်းကျင် ကိုကူညီကြရအောင်နော် အိမ်က ပြတင်းပေါက်တွေ ကို နေရောင်ခြည်ရအောင် နှင့်

လေဝင်လေထွက်ကောင်းအောင် ထားပေးကြပါနော် ၇ရက်သားသမီးများအားလုံး ခံစားနေရတဲ့ စိတ်သောကတွေ အမြန်ဆုံးကင်းလွှတ်ငြိမ်းအေးကြပါစေရှင် နေ့စဉ်စားဝတ်နေရေးအတွက် သွားလာနေရတဲ့ ချစ်ရတဲ့သူတွေအားလုံးလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီဌာန က ထုတ်ပြန်ထားတဲ့ ကျန်းမာရေးအသိပေးချက် တွေ ကို အတိအကျလိုက်နာရင်း သွားလာကြပါနော် အားလုံးအားလုံးသော ချစ်ရသူတွေ ကို အထူး( အထူး ) စိတ်ပူပန်ရပါတယ်ရှင်" ဆိုတဲ့ စာသားလေးကို ရေးသားထားတာကြောင့် ချစ်ပရိသတ်ကြီးဖတ်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်...။ 

Photo Credit - Aye Myat Thu 's Fb account
Photo Credit - Aye Myat Thu 's Fb account

Source & Photo Credit - Aye Myat Thu 's Fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။