Covid19 ဗိုင်းရပ်စ် ကာကွယ် ကုသရေး လုပ်ငန်းများအား ရှေ့တန်းမှ လူအင်အားပညာအင်အား အစွမ်းကုန်ဖြင့် ကြပ်မတ်ဆောင်ရွက်ကုသနေကြသည့် ဆရာဝန်များ သူနာပြုများနှင့် ဆေးဘက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများ၊ လူမူရေးစိတ် အပြည့်ဖြင့် တစ်ဘက်တစ်လမ်းမှ ပါဝင်ကူညီနေကြသည့် တာဝန်သိပြည်သူများနှင့် အလှူရှင်များ၊ ဝန်ထမ်းများနှင့် ဗိုင်းရပ်စ်ကာကွယ်ကုသရေး လုပ်ငန်းစဉ်အသီးသီးတွင် ပါဝင်သူများ အားလုံးကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မိသားစုဝင်များမှ အထူးပင် ကျေးဇူးတင်ရှိပါကြောင့် ရေးသားဖော်ပြထားပါတယ်။

Photo Credit - Myanmar Football Federation Facebook Page

အချို့သော ကျန်းမာရေးဝန်ထမ်းများ၊ အစိုးရတာဝန်ရှိသူများ ကိုယ်တိုင်လည်း ဗိုင်းရပ်စ်အတွက် စောင့်ကြပ်ကြည့်ရှုစာရင်းတွင် ပါဝင်သွားကျပြီး Quarantine ကာလအဖြစ် သီးခြားနေထိုင်နေကြရပြီဖြစ်ကြောင်း ကြားသိရပါတယ်။ ပြည်သူ့ရှေ့မှနေ၍ ကာကွယ်ကုသရေး လုပ်ငန်းစဉ်များတွင် ပါဝင်ကြသူအားလုံး ကျန်းမာကြပါစေ၊ ဗိုင်းရပ်စ်ဘေးမှ ကင်းဝေးကြပါစေဟုလည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသေးတယ်။

Photo Credit - Myanmar Football Federation Facebook Page

အချိန်ကာလတစ်ခုတွင် ဗိုင်းရပ်စ်ပျောက်ကင်းသွားမည် ဟုလည်းယုံကြည်ကြပြီး မိဘပြည်သူများ အနေဖြင့် စိုးရိမ်ကြောင့်ကြမှုများ ဖြစ်သင့်သည်မှန်သော်လည်း အစိုးရိမ်ကြီးစွာဖြင့်လည်းကောင်း သတိမမူဘဲ ဂရုမစိုက်၍လည်းကောင်း မပြုလုပ်သင့်သည်များအား မပြုမိစေရန်နှင့် လမ်းညွှန်ချက်များအတိုင်းသာ နေထိုင်ပြုမှုကြ၍ ဗိုင်းရပ်စ်ကာကွယ်ရေး တွင် ကူညီပါဝင်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မိသားစုမှ ရေးသားဖော်ပြပေးထားပါတယ်။

Photo Credit - Myanmar Football Federation Facebook Page

Source & Photo Credit - Myanmar Football Federation Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။