ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်ရှိ လူမနေတော့တဲ့ ခြောက်ခြားစရာနေရာများကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးထားခဲ့တဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာရှင်လှုပ်ရှားမှု သတင်း၊ ပြည်တွင်း ပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ကမ္ဘာအနှံ့ရှိ ဗဟုသုတ သတင်းစုံလင်နှင့် အခြား စိတ်ဝင်စားဖွယ် တီဗီအစီအစဉ်တွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကို like and follow လုပ်ထားဖို့ သတိမမေ့ပါနဲ့ဦးနော်။

photo credit pngtree

ပထမဦးဆုံး မြင်တွေ့ရမယ့် ခြောက်ခြားဖွယ် ပုံရိပ်ကတော့ အမေရိကန် ဓာတ်ပုံဆရာ "Matthew Christopher" ဆိုသူ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ လူတွေ စွန့်ခွာခဲ့တဲ့ အိမ်၊ အလုပ်၊ စက်ရုံ တွေကို သွားကာ ဓာတ်ပုံ ရိုက်ကူးပြီး ဘယ်ဓာတ်ပုံက ပိုကြောက်ဖို့ကောင်းသလဲဆိုတာ နှိုင်းယှဉ် ကြည့်လေ့ ရှိတာပါ။ လူထောင်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး လူမရှိတော့သော စက်ရုံထက်၊ မိသားစု တစ်စုတည်း နေထိုင်ပြီး လူမနေတော့တဲ့အိမ်ထဲက ဓါတ်ပုံဟာ ပိုကြောက်ဖို့ကောင်းကြောင်း သက်သေပြထားတာပဲ ဖြစ်ပါတယ်။

photo credit pngtree

နောက်ထပ်မြင်တွေ့ရမယ့် အရာကတော့ အိုင်ယာလန်မှာရှိတဲ့ "Leslie" ရဲတိုက်ထဲက ပုံရိပ်ပဲဖြစ်ပါတယ်။ အဲ့ပုံရိပ်ရဲ့ သမိုင်းအကျဉ်းကတော့ "Norman Leslie" ဆိုသူ နေထိုင်ခဲ့တဲ့ ရဲတိုက်ပဲဖြစ်ပါတယ်။ ၁၉၁၄ ပထမ ကမ္ဘာစစ်မှာ သူဟာ အသတ်ခံခဲ့ရတာပါ။ နောက်ပိုင်းမှာတော့ သူ့အခန်းထဲက စားပွဲခုံဘေးမှာ အရိပ်အယောင်တွေ မကြာခဏဆိုသလို တွေ့ရတတ်ပြီး ဘဲလ်တီးသံမျိုးတွေလည်း ထုတ်လွှင့်တတ်ကြောင်း ဆိုပါတယ်။ ဒါ့အပြင် အခြား ထူးထူးခြားခြား ပုံစံမျိုးတွေကိုလည်း ထိုရဲတိုက်ထဲမှာ တွေ့ရတတ်ကြောင်း ဆိုထားတာ ဖြစ်ပါတယ်။

source Once A Glance Page

photo credit pngtree

photo credit Once A Glance Page

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။