ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ဂျပန်နိုင်ငံက အထင်ကရ ပန်းအမျိုးအစားထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ချယ်ရီပင် အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာရှင်လှုပ်ရှားမှု သတင်း၊ ပြည်တွင်း ပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်နှင့် အခြား စိတ်ဝင်စားဖွယ် တီဗီအစီအစဉ်တွေကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ဂျပန်နိုင်ငံအပါအဝင် အာရှတိုက် အရှေ့ပိုင်းတွင် အများအပြားတွေ့ရှိရတဲ့ ချယ်ရီပင်ဟာ Prunus မျိုးစိတ်ဝင် အပင် မျိုးဖြစ်ကာ အစေ့တစ်စေ့သာပါရှိပြီး အသားများသော၊ မာကျောသော အသီးများကို သီးတဲ့ အပင်မျိုး ဖြစ်ပါတယ်။ ချယ်ရီသီးများအနက် ချယ်ရီချို (Prunus avium)နှင့် ချယ်ရီချဉ် (Prunus cerasus) တို့ကို စီးပွားဖြစ် စိုက်ပျိုးသူများထံမှ ရရှိပါတယ်။ တစ်ကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ချယ်ရီပင်တွေရဲ့အကြောင်း ဆက်လက်ဖတ်ရှုကြပါဦးနော်။

photo credit pngtree

စိုက်ပျိုးခြင်းမဟုတ်ဘဲ အလေ့ကျ ပေါက်နေတဲ့ ချယ်ရီပင်များကို ချယ်ရီရိုင်းများဟု ညွှန်းလေ့ရှိကြပြီး ဗြိတိသျှ ကျွန်းစုများတွင် အချဉ်မျိုး ချယ်ရီပင်များကို ချယ်ရီ ရိုင်းများဟု ခေါ်ဆိုကြပါတယ်။ ချယ်ရီပင် အများစုဟာ Cerasus မျိုးကွဲ အုပ်စုဝင်များဖြစ်ကြပြီး ကမ္ဘာ့မြောက်ပိုင်း နွေးထွေးသော နေရာဒေသများမှ စတင် ပေါက်ပွားခဲ့ရာ အမေရိကတိုက်တွင် မျိုးစိတ် နှစ်ခု၊ ဥရောပတွင် သုံးခု ရှိ၍ ကျန်မျိုးစိတ်များဟာ အာရှတိုက်မှ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။