photo credit - Wykrhm Reddy

Team Aster ရဲ့ mid laner ဖြစ်သူ ChYuaN ကတော့ သူ့ရဲ့ twitter အကောင့်ကနေ စိတ်မကောင်းစရာ သတင်းတခုကို ကြေညာခဲ့ပါတယ်။

ChYuaN ကြေညာခဲ့တာကတော့ သူတို့ဟာ Finland ကနေ တရုတ်ကို ပြန်လာတဲ့ လေယာဉ်ပေါ်မှာ coronavirus ဖြစ်ပွားနေသူ တဦးပါရှိလာတာကြောင့် တရုတ်ကိုပြန်ရောက်တဲ့အချိန်မှာ အစိုရရဲ့စောင့်ကြည့်မှုကို ခံနေရပါတယ် ဆိုတာပဲဖြစ်ပါတယ်။

သူတို့မှာ Covid-19 ကူးစက်ရောပါပိုးရှိ မရှိဆိုတာကိုတော့သေချာမသိရသေးပါဘူး ။

အခုစောင့်ကြည့်ခံနေရတာကတော့ ChYuan အပါအဝင် Team Aster ရဲ့ member တွေဖြစ်တဲ့ Xxs , Boboka နဲ့ Fade တို့လေးယောက်ဖြစ်ပြီး Sccc ကတော့ တခြား flight နဲ့ ပြန်လာတာဖြစ်တဲ့အတွက် စောင့်ကြည့်ခံနေရသူတွေထဲမှာ မပါဝင်ခဲ့ပါဘူး . 

source - Chyuan Twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။