အဆိုတော်အောင်လနဲ့ အဆိုတော်၊သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းတို့စုံတွဲလေးကတော့ ဂီတလောကမှာ ထွန်းလင်းတောက်ပနေတဲ့ ငွေကြယ်ပွင့်လေးတွေလို့ ဆိုနိုင်ပါတယ်။ မတူညီတဲ့ဂီတအမျိုးအစားတွေနဲ့ ကိုယ်ပိုင်အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့ သူတို့စုံတွဲလေးက တေးသီချင်းကောင်းများစွာကို ဖန်တီးခဲ့တာလည်း ဖြစ်ပါတယ် ။ ပရိသတ်တွေကလည်း အောင်လကိုရော ဝိုင်းစုကိုပါ အပြတ်အသတ်အားပေးဝန်းရံနေကြတာ ဖြစ်ပါတယ်။

Photo Credit-Reodineius Aung La's FB Acc & Khun Photography
Photo Credit-Reodineius Aung La's FB Acc

ဝေဖန်တိုက်ခိုက်မှုတွေကြားကနေ လက်တွဲတွေခိုင်မြဲခဲ့တဲ့ သူတို့စုံတွဲလေးကိုတော့ ပရိသတ်တွေကပါ အားကျနေတာ ဖြစ်ပါတယ်။ အောင်လနဲ့ ဝိုင်းစုတို့စုံတွဲလေးက မကြာခဏဆိုသလို ခရီးတွေထွက်ပြီး ဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုနေရတာ ဖြစ်ပါတယ်။ အခုတော့ အောင်လနဲ့ ဝိုင်းစုတို့ချစ်သူနှစ်ယောက်က တာချီလိတ််မြို့ကိုရောက်ရှိခဲ့တဲ့ အမှတ်တရပုံလေးကို တင်ထားတာ ဖြစ်ပါတယ် ။

Photo Credit-Reodineius Aung La's FB Acc
Photo Credit-Reodineius Aung La's FB Acc

အောင်လက "ရောက်ပြီလေ တာချီလိတ် ခုလို ချောမောနေတာ Vivo V15 ကြောင့်ပါ" ဆိုပြီး သူတို့စုံတွဲရဲ့ပုံလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ် ။ အောင်လနဲ့ ဝိုင်းစုတို့စုံတွဲလေးကတော့ အမြဲတမ်း သွားအတူလာအတူနဲ့ တကယ့်ကိုလိုက်ဖက်ညီနေကြတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့စုံတွဲရဲ့ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Reodineius Aung La's FB Acc

Photo Credit-Reodineius Aung La's FB Acc
Photo Credit-Reodineius Aung La's FB Acc
Photo Credit-Reodineius Aung La's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။