ကလေးနှစ်ယောက်အမေလို့ ထင်ရက်စရာမရှိရလောက်အောင်ကိုပင် နုပျိုလှပနေသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ပဲ ဖြစ်ပါတယ်။ အူဝဲဟာ ပရိသတ်တွေကို အမြဲစေတနာထားကာ ဆက်ဆံတတ်တာကြောင့်လည်း အားလုံးက လေးစားချစ်ခင်နေရတာလည်း ဖြစ်ပါတယ်။ အမြဲတမ်းလည်း သူမလုပ်တဲ့ အလုပ်အပေါ် ဂရုတစိုက်နဲ့ လုပ်ကိုင်တတ်တာကြောင့်လည်း အနုပညာသမားအချင်းချင်းတောင် အားကျအတုယူနေရသူတစ်ယောက်ပါ။

Photo Credit- Eaindra Kyaw Zin’s Facebook Page
Photo Credit- Eaindra Kyaw Zin’s Facebook Page
Photo Credit- Eaindra Kyaw Zin’s Facebook Page

အူဝဲဟာ ချစ်ရတဲ့မိသားစုနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို အတူဖန်တီးတည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။ အူဝဲဟာ အနုပညာလောကတွင် အောင်မြင်မှုတွေရရှိထားရုံမကဘဲ သားသမီးတွေကို လိုလေသေးမရှိအောင် ဂရုစိုက်လွန်းတဲ့ မိခင်ကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ Covid19 ​​ရောဂါပိုးတွေကြောင့် မိသားစုနဲ့အတူ အိမ်မှာဘဲ အချိန်ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ 

Photo Credit- Eaindra Kyaw Zin’s Facebook Page
Photo Credit- Eaindra Kyaw Zin’s Facebook Page
Photo Credit- Eaindra Kyaw Zin’s Facebook Page

မကြာသေးခင်ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ " အိမ်မှာနေနေတဲ့ အချိန်တွေကတော့ သူတို့အတွက်ပါပဲ" ဆိုပြီးရေးသားထားတာပဲ ဖြစ်ပါတယ်။ ဖိုးဓီစားချင်တယ်ဆိုလို့စောင်းလျားသီးတွေကိုယ်တိုင်ခူးနေတဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ရဲ့ Video လေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Credit- Eaindra Kyaw Zin’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။